너를 만나 - 9

Start from the beginning
                                    

လာဖက်သည့် ကိုယ်လေး၏အနွေးဓာတ်ငွေ့ငွေ့ကို ခံစားရသည်အထိ ဆောင်းဟန်ဘင်းမှာ လက်ရှိအဖြစ်အပျက်များကို သူတစ်ယောက်တည်းအထင်မှားနေတယ် ထင်နေတုန်း။
သူ့ကိုလာဖက်သည့် ကိုယ်လေးထံမှ ရှိုက်သံများထွက်လာမှသာ
တုန်နေသည့် ကျောပြင်လေးအား လက်ဖြင့်အသာအယာပုတ်ပေးနေမိသည်။
ငိုနေသည်ကိုပင် အားမရသည့် ကျန်းဟာအိုက သူ့အားတင်းကြပ်စွာ ဖက်လာတော့ ပြန်၍တင်းကြပ်စွာ ဖက်ထားပေးမိသည်။

အစစ်အမှန်လိုမျိုး သူဘာကြောင့်ခံစားနေရတာများလဲ။

သူ့ကိုလာဖက်သည့် ကျန်းဟာအိုလေး၏ပုံရိပ်ဟာ ဘာကြောင့်ပျောက်ကွယ်မသွားရတာလဲ။

မဟုတ်မှ...ကျန်းဟာအိုဟာ သူ့ဆီတကယ်ရောက်လာခဲ့တာလား။
ရေချိုးခန်းထဲကနေ ကုတင်ပေါ်ကိုရွှေ့ပေးခဲ့သည့်သူဟာ
သူ့ဂိုက်ဆရာဖြစ်တဲ့ ကျန်းဟာအိုလေးတဲ့လား။

"မျှော်နေတဲ့သူ ရောက်လာပေးလို့ တော်ပါသေးတယ်"

"ဟာအို...ကိုယ့်ကိုအကြာကြီးဖက်ထားပေးနော်"

ကျန်းဟာအိုဟာ ဘာစကားမှတုံ့ပြန်၍မပြောဆိုသော်လည်း
ဟန်ဘင်း၏စကားအတိုင်း အချိန်အကြာကြီးဖက်ထားပေးခဲ့သည်။
ဘယ်လောက်အထိတောင်များ အပြန်အလှန်ဖက်ထားခဲ့ကြပါငလဲ ဆိုရင် ဆန်ပြုတ်များဝေကျသည့်အခါမှသာ လူချင်းခွာဖြစ်တော့သည်။

လူချင်းခွာလိုက်ပြီးသည့်နောက်တွင် ကျန်းဟာအိုဟာ ဆောင်းဟန်ဘင်း၏ လက်တစ်ဖက်ကိုဆုပ်ကိုင်၍ အခန်းထဲသို့ခေါ်လာခဲ့သည်။
ကုတင်ပေါ်၌ သူ့အားထိုင်စေကာ လက်ကလေးများက ပါးနှစ်ဖက်ဆီ ရောက်လာသည်။

"ဟန်ဘင်း သက်သာရဲ့လား။ ဘယ်နားနေလို့ မကောင်းတာရှိသေးလဲ"

"ဟင့်အင်း.."

"ခဏလေးစောင့်နေဦးနော် ငါရေပတ်တိုက်ပေးမလို့"

ပြောပြီးလှစ်ခနဲ ထွက်သွားသည့်ကျန်းဟာအိုအား ဆောင်းဟန်ဘင်း ကြောင်အခါကြည့်နေမိသည်။
ဟန်ဘင်း လို့ခေါ်နေတယ်...။

ခဏအကြာတွင် ရေဇလုံ‌နှင့် တပတ်လေးယူကာ အခန်းထဲပြန်ဝင်လာသည့် ကျန်းဟာအို။
သူ့ဘေး၌ဝင်ထိုင်ကာ မျက်နှာမှစ၍ လည်ပင်းတစ်လျှောက်၊ လက်ချောင်းများအထိ ဂရုတစိုက်သုတ်သင်ပေးနေပုံမှာ မငေးကြည့်ဘဲမနေနိုင်စရာ။
ရေပတ်တိုက်ပေးနေစဉ်အတွင်း သူ့အားတစ်ချက်သာ မော့ကြည့်၍ မျက်လွှာပြန်ချသွားသည့် ကျန်းဟာအိုလေး။
ငိုထားတာကြောင့် အောက်မျက်ခွံအိတ်လေးတွေဟာ မို့တက်လို့ မျက်လုံးအိမ်လေးမှာလည်း နီရဲနေသည်။

 너를 만나 - Me After YouWhere stories live. Discover now