🦋Unicode အခန်း၂၀

Start from the beginning
                                    

"အမေရေ...အမေသမီးပြန်လာပြီ..."

"ဟေ...လာပြီ...လာပြီ..."

ကိုယ့်အိမ်မို့အသံသာပေးရတယ် လူကအိမ်ထဲကိုရောက်နေပြီးသာပင်။အမေကညာသံပေးပြီး ငါးခုတ်တဲ့ဓားမကြီးကိုင်ကာ မီးဖိုချောင်ထဲမှ ပြေးထွက်လာသည်။
အဖေကတော့ ကြိမ်ကုလားထိုင်မှာ ခြေထောက်ကိုချိတ်ထိုင်ရင်းသတင်းစာဖတ်နေရာမှာ လန့်ဖြန့်ပြီးထရပ်တော့ လိပ်ပြာတောင်ရင်ထိတ်သွားသည်။

"သူ...သူကဘယ်သူလဲ..."

အမှန်တော့အဖေလန့်ရခြင်းအကြောင်းက အနောက်မှအထုပ်တွေတစ်သီကြီးဆွဲပြီး ရယ်ပြနေတဲ့ ကိုထွန်းဝေကြောင့်ပါပဲ။
အဖေ့အသံကြောင့် ကော်ကုလားထိုင်အရှည်အပေါ်မှာ ခေါင်းချင်းဆိုင်ပြီးဂိမ်းထိုင်နှိပ်နေတဲ့ ဖိုးချွန်နဲ့မောင်လေးမင်းမင်းပါ မျက်လုံးလှန်ကြည့်ပြီး အံ့ဩကုန်ကြသည်။

"မမ...ဒီအစ်ကိုကြီးက ဘယ်သူလည်း..."

"နင်တို့ကလည်းဟယ်...အိမ်ထဲ၀င်၀င်ခြင်း အမောပြေ ရေလေးဘာလေးခပ်တိုက်ကြမယ်မရှိဘူး...
စပ်စုကြတာကအရင်..."

"မမမှာလက်ပါတာပဲ ကိုယ့်ဖာသာခပ်သောက်ပေါ့..."

"အောင်မာ...ငနာလေးတွေ့မယ်နင်...ဒေါက်..."

"အာ့...မမနော်...အကြီးဆိုပြီး ငြိမ်ခံနေမယ်မထင်နဲ့ ဖနှောင့်နဲ့ပေါက်လိုက်ရင် တစ်ချက်စာပဲ..."

"အောင်မာ...နင်ကများငါ့ကို......."

လိပ်ပြာဒေါသအလိပ်လိုက်ထွက်လာပြီး နောက်ဆုံးတော့ လက်ကမင်းမင်းရဲ့နားရွက်ပေါ်ကိုရောက်သွားပြီး ဆွဲလိမ်ပစ်လိုက်သည်။

"အာ့...အား...အမေ...အမေရေ အမေ့သမီးကိုလုပ်အုံး...အီဟီး..."

ယောက်ျားကြီးတန်မဲ့နားရွက်ကလေးဆွဲလိမ်တာကိုတောင် ငိုကြီးချက်မဖြစ်နေသည်။
အမေကမနေနိုင်တော့ပဲ ဓားမကြီးတကိုင်ကိုင်နဲ့ သူ့သားငယ်ကိုထိတော့ လိပ်ပြာရဲ့ကျောကို"ဘုန်း"ကနဲမြည်အောင်ပိတ်တီးပစ်လိုက်ရာ လိပ်ပြာကျောလေးကို ပွတ်ကာရှုံ့မဲ့မဲ့နဲ့ ကြိမ်ကုလားထိုင်အပေါ်ထိုင်ချလိုက်သည်။
ထိုအခြင်းအရာကို ပြုံးစိစိနဲ့ကြည့်နေတာကတော့ ကိုထွန်းဝေနဲ့ ဖိုးချွန်တို့နှစ်ယောက်ရယ်ပါ။

ချစ်လိပ်ပြာလေး တဝဲလည်လည်Where stories live. Discover now