အပိုင်း(၂.၂) Unicode

Start from the beginning
                                    

ဒါပေမဲ့ ဒီနေ့မှာတော့ သူ့အရှင်က သူ့ကို သူ့ရဲ့အပြုအမူတွေကို မရှင်းပြခဲ့ဘူး။ သူ့(ဝူရိမေ့)ကို သူယုံတယ်ဆိုပြီး ပြုံးပြီးတောင်ပြောလိုက်သေးတယ်။

ဒါက သူ့အတွက် ရှားပါးလွန်းတယ်။ အိပ်ရင်းယောင်တာတောင် ဒီလိုမျိုးမဖြစ်နိုင်ဘူး။ သူနည်းနည်းတောင် သတိလွတ်သွားတယ်။

ဖန်းလိက ပေါ့ပေါ့ပါးပါး အမိန့်ပေးလိုက်တယ်။ " ဒီနေရာကို ရှင်းလိုက်ရအောင်။"

ဒီ****ကော်ဇောကို ကြည့်လိုက်ပြီး ဖန်းလိတွေးလိုက်တယ်။ ဒီကော်ဇောက ထပ်ပြီးသုံးလို့မရတော့ဘူးပဲ။

ဒီချိန်မှာ သူကအပြင်ကနေ ရှဲ့ဟိုင်ထွက်လာပြီဆိုတဲ့ သတင်းကို ကြားလိုက်တယ်။

ဖန်းလိက သူ့ရဲ့မျက်ခုံးတွေကို အနည်းငယ်ပင့်လိုက်ပြီးထလိုက်ကာ အပြုံးနဲ့ပြောလိုက်တယ်။ " ငါနဲ့ အပြင်လိုက်ခဲ့။ သွားကြည့်ရအောင် "

ဝူရိမေ့ကချက်ချင်းဖြေလိုက်တယ်။"ဟုတ်ကဲ့"
အတွေးကိုယ်စီနဲ့ ဖန်းလိနဲ့ ဝူရိမေ့က မျှော်စင်အပြင်ဘက်ကို ပေါ်လာခဲ့တယ်။ သူအပြင်ကိုရောက်လာတာနဲ့ တပြိုင်နက်တည်း အပြင်ဘက်က လုံးဝကို တိတ်ဆိတ်သွားတယ်။ တိတ်ဆိတ်နေတဲ့ ကြားမှာမှော်နက်ကျင့်ကြံသူတွေက ဒီရေလို စုဝေးသွားပြီး သူတို့အတွက် လမ်းဖယ်ပေးလိုက်ကြတယ်။

ဒီမြင်ကွင်းဟာ လက်ဖျားခါလောက်အောင် ခမ်းနားလွန်းတယ်။

ဖန်းလိက ဖြည်းဖြည်းချင်း လျှောက်လာတယ်။ သူ့ရဲ့ ဝတ်ရုံနက်က မြေပြင်ပေါ်တွဲကျနေတယ်။ သူက ငေးတိငေးမောနဲ့ တွေးလိုက်တယ်။ သူကအရှုပ်ထုပ်ကို ကောက်ယူလိုတာပဲ။ ခုတော့ သူအားနည်းနေပြီ။ တကယ်လို့ မှော်နက်ကျင့်ကြံသူတစ်ယောက်ယောက်က ထပြီးပေါက်ကွဲလိုက်မယ်ဆိုရင် သူ့ကို သတ်နိုင်ဖို့ ဖြစ်နိုင်ချေက အရမ်းမြင့်လွန်းတယ်။

သူက သာမန်ကာလျှံကာ ဘေးနှစ်ဖက်ကို ကြည့်လိုက်တယ်။ နှစ်ဖက်လုံးက မှော်ကျင့်ကြံသူတွေက သူတို့ခေါင်းတွေကို ငုံ့လိုက်ကြတယ်။ တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်သွားကြတယ်။

သနားစရာပဲ။ သူ့ကိုသတ်ဖို့ ဒီလို အခွင့်အရေးကောင်းမျိုးကို ဘယ်မှော်နက်ကျင့်ကြံသူကမှ လက်လွှတ်ခံဖို့ သတ္တိရှိမှာမဟုတ်ဘူး။

နတ်ဆိုးဘုရင်ကဇာတ်ညွှန်းအတိုင်းလိုက်လုပ်ချင်နေတယ်(mmtran)Where stories live. Discover now