အပိုင်း(၂.၂) Unicode

Start from the beginning
                                    

ဒီနေ့က၇၇၄၉ရက်မြောက်နေ့ပဲ။ အကာအကွယ်စည်းက ပိုပြီးကြာကြမခံနိုင်တော့က သေချာလာနေပြီ။ မခံမရပ်နိုင်တဲ့အကြည့်တွေနဲ့ ပြည့်နှက်နေတဲ့ တပည့်တွေဟာဆိုရင် အသက်ကိုပြင်းပြင်းရှုနေကြတယ်။ သူတို့ရဲ့လက်ထဲမှာ ဓားတွေကို တင်းကြပ်စွာဆုပ်ကိုင်ထားတယ်။

ဘယ်သူမှမလာကြဘူး။

သူဒီနေရာမှာသေသွားမယ်ဆိုရင်တောင်သေတာထက်ပိုမှာမဟုတ်ဘူး။

သူတို့ငကြောက်ဖြစ်နေရတာ လုံလောက်ပြီလေ။

သူတို့ဟာ တစ်ယောက်ဘေးမှာ တစ်ယောက်ရပ်လိုက်ကြပြီး သေတဲ့ထိတိုက်ဖို့ အဆင်သင့်ဖြစ်နေကြပြီ။ သူတို့အသံကိုကြားတဲ့အခါမှာ နောက်ဘက်ကိုလှည့်ကြည့်လိုက်တယ်။ မှင်တက်စွာနဲ့မေးလိုက်တယ်။ " စီနီယာရှဲ့..ဘာလို့ထွက်လာရတာလဲ?"

...............................................................................

သန့်စင်ခြင်းနတ်ဆိုးမျှော်စင်မှာ ဖန်းလိက အပြုံးလေးနဲ့ပြောလိုက်တယ်။ "ငါယုံတယ်။"

သူက ဝူရိမေ့ကို ထဖို့သူ့ရဲ့လက်ကို ဆန့်ထုတ်လိုက်ပြီးလေထဲမှာဝေ့ယမ်းလိုက်တယ်။

ဝူရိမေ့က သူ့ရှေ့က ဖြူဖျော့နေတဲ့ လူကို ကြည့်လိုက်ပြီး သူ ငေးကြည့်နေတာကို ရုတ်သိမ်းလိုက်ပြီး ရိုသေစွာ ခေါင်းပြန်ငုံ့လိုက်တယ်။ အဲ့ချိန်မှာ သူ့နှလုံးထဲမှာပေါ်လာတဲ့ ထူးဆန်းတဲ့ခံစားချက်ကို ဖိနှိပ်ထားလိုက်တယ်။

အရှင်ကအမြဲတမ်းကို အေးစက်ပြီး   ဆိတ်ဆိတ်နေခဲ့တယ်။ သူဘာတွေးနေလဲဆိုတာကိုသူမှမသိဘူး။ သူ့(ဝူရိမေ့)ကို ညာလက်ရုံးအဖြစ်နေရာပေးထားတာတောင် သူ့(ဝူရိမေ့)ကိုသိပ်မယုံကြည်ဘူး။

တစ်ရံတစ်ခါ ဒီလူက ဘယ်သူ့ကိုမှ မယုံဘူးလို့တောင် ဝူရိမေ့ခံစားရတယ်။ သူ့ကမ္ဘာလေးထဲမှာ တစ်ယောက်တည်း အထီးကျန်နေသလိုပဲ။ သူနဲ့အတူ ဆယ်နှစ်ကြာ အလောင်းတောင်တွေပေါ် ဖြတ်ကျော်ပြီး သွေးပင်လယ်တွေကြား တူတူသွားဖူးတာတောင် ဒီလူကတော့ သူ့ကို ဘယ်တော့မှ .........။ ကွဲပြားချက်နည်းနည်းရှိပုံရတယ်။ သူ့ရဲ့ အစစ်အမှန်တစ်ဝက်ကိုတောင်မှ သူ့(ဝူရိမေ့)အား မဖော်ပြခဲ့ဘူး။

နတ်ဆိုးဘုရင်ကဇာတ်ညွှန်းအတိုင်းလိုက်လုပ်ချင်နေတယ်(mmtran)Where stories live. Discover now