Reception တွင် လိုအပ်သည်များဖြည့်စွက်ပြီး အိုင်ဒေါလေးက သော့ကတ်တစ်ခုကို ကိုင်ဆောင်လာသည်။ အခန်းနံပါတ် 816.....
၈လွှာမှာရှိတဲ့အခန်းနံပါတ် 816ရဲ့ရှေ့မှာ တုံ့ဆိုင်းနေမိသည်။ ဟိုတယ်ကို ပထမဆုံးရောက်ဖူးခြင်း။ အိုင်ဒေါလေးက အရှေ့ကနေတံခါးဖွင့်ပေးနေရှာသည်။ ထိုသို့၀င်သွားသည်နှင့် မြင်လိုက်ရတာကြောင့်အံ့သြနေမိသည်။
"ဥက္ကာ ဒီတစ်ညအတွက်က roomကဘယ်လောက်လဲဟင်"
"300000"
"ဘာ!"
"လာပါ အမရယ် အမကိုပြန်ပေးဖို့လည်းမတောင်းပါဘူး သုံးသိန်းဆိုတာလည်း များတာမှမဟုတ်တာ"
စိတ်ထဲကပင်တွေးမိသည်။ တက္ကသိုလ်တစ်ပတ်မှာ မုန့်ဖိုးကသုံးသောင်း သူသုံးတဲ့ဒီတစ်ညအတွက်က မိမိမုန့်ဖိုးဆယ်ပတ်စာရှိနေသည်။
"မ ရောက်ပြီလေ"
ကုတင်ပေါ်ကနေထိုင်ပြီး မတ်တပ်ရပ်နေတဲ့ မိမိကိုပြောနေခြင်းဖြစ်သည်။ ခေါင်းတစ်ချက်ကလည်း ကုတင်ကိုညွှန်လျက်။ ပြီးတော့ ခေါ်လိုက်တဲ့နာမ်စားလေးက
"မ"တဲ့။ ဒီကောင်လေးက မိမိနှလုံးသားကို ခြွေကိုခြွေနိုင်လွန်းသည်။
နေနေတဲ့ပုံစံကိုကြည့်မယ်ဆိုရင်လည်း အပေါ်ကြယ်သီးနှစ်လုံးဖြုတ်ထားပြီး လက်နောက်ပစ်ထောက်ထားပြီး ထိုင်နေခြင်းဖြစ်သည်။ ဒီလိုဆွဲဆောင်မှုတွေနဲ့ ပြည့်နေတဲ့ ဒီကောင်လေးကို ဘယ်လိုလုပ်ရပါ့မလဲရှင်
ကိုယ့်အတွေးနဲ့ကိုယ် နစ်မြောနေစဥ်အချိန်မှာပင် ထိုသူကမိမိဆီကို တစ်လှမ်းချင်းလျှောက်လာနေသည်။ ရုတ်တရက်
"အာ ဘာလုပ်တာလဲ"
ပွေ့ချီသဖြင့် လန့်သွားသည်။
"လူကဖြင့် သေးသေးလေးနဲ့"
အိုင်ဒေါဆီကကြားရတဲ့စကားသံတစ်ခွန်းပင်။ ထို့နောက် ကုတင်ပေါ်ကို ပွေ့ထားရာကနေချလိုက်ရင်း အိုင်ဒေါရဲ့နှုတ်ခမ်းလေးက မိမိနှုတ်ခမ်းဆီသို့ဦးတည်လာလေပြီ။
အိုင်ဒေါမှာလည်း အပေါ်ကအုပ်မိုးရင်း လက်နှစ်ဖက်ထောက်က နမ်းရှိုက်လို့နေသည်။ မီးအလင်းရောင်မှာလည်း လင်းလည်းမလင်း မှောင်လည်းမမှောင်ပဲ လူနှစ်ယောက်ရဲ့ရမ္မက်ကို ကြွစေသောအနေအထားမှာရှိ၏။
YOU ARE READING
아이돌, 저랑 자요( Idol, sleep with me)
Romance"idol မီနဲ့အိပ်ရအောင်" ဆိုတဲ့ ဒီficလေးမှာ crushနဲ့အိပ်ရဖို့ ကောင်မလေးတစ်ယောက် ဘယ်လိုတွေမူရအကြောင်းဖန်လာမလဲ.... မထင်မှတ်ဘဲ တစ်ညအိပ်မိသွားတဲ့အခါ crushနဲ့ကောင်မလေးရဲ့ဆက်ဆံရေးကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ......
