part-2

372 0 0
                                        

          ​ကျောင်းသား​ရေးရာ ဌာနတွင် fresher welcome အတွက်တိုင်ပင်​နေလျက်ရှိသည်။ ​ဖျော်​ဖြေတင်ဆက်မှုများ၊ အငြိမ့်၊ kpop dance အတွက် ​​လျှောက်တင်ထားသည်များထဲမှ ​ရွေးချယ်ထားပြီးဖြစ်သည်။ king, queen selection များအတွက်လည်း ၀တ်စုံ၊ cat walk ပြင်ဆင်စရာများကိုလည်း ​ဆွေး​နွေးကြသည်။ တိုင်ပင်စရာရှိသည်များ တိုင်ပင်ရင်း

"King, queenအတွက် ဒိုင်​တွေကရော ဘယ်လိုလဲ ?"
"မနှစ်ကဒိုင်​တွေရယ် ငါတို့ရဲ့တက်သစ်စ စတား​လေး ဥက္ကာကိုဖိတ်ရင်​ကောင်းမလားလို့"

ဥက္ကာဆိုသည့် နာမည်ကိုကြားလိုက်သည်နှင့် အစည်းအ​ဝေးထိုင်​နေကြ​သော စားပွဲတစ်ခုလုံးမှ မိန်းက​လေးများ၏ မျက်နှာတွင် အပြုံးကိုယ်စီ​ပေါ်​ပေါက်လာကြသည်။ ​ကျောင်းသား​ရေးရာ ဥက္ကဌဖြစ်သည့် ဖြိုးသန့်ကိုက တစ်ချက်​ဝေ့ကြည့်လိုက်ရာ ပြုံးမ​နေသည့် ဧကရီဆီ မြှားဦးလှည့်လာခဲ့​လေသည်။

"ဧကရီ, နင်ပဲဥက္ကာဦးဆီတစ်ချက်သွား​မေးကြည့်​ပေးပါဦး အ​ဆောင်လည်း ​ဘေးချင်းကပ်ဆို​တော့ အားတဲ့အချိန်ခဏသွားလိုက်​ပေါ့"

"???? မီ? ဘာလို့လဲ?"
"ဒီထဲမှာ နင်ပဲငြိမ်တယ် ငြိမ်လို့လွှတ်မှ ​ယောက်မမြင်းစီးမထွက်နဲ့​နော်"

ဥက္ကာဦးနဲ့​တွေ့ပြီး စကား​ပြောရမယ်ဆိုတာကို​တွေးရင်း ရင်​တွေကတလှပ်လှပ်။ ဟီးဟီး ငါက​တော့ ​ပျော်တာ​ပေါ့။

"​အေး​ဆေးပါ သူကငါ့typeမဟုတ်ဘူး"
စိတ်ကတခြား အ​ပြောကတခြားပါ။

(တစ်ဖက်သတ်ကြိုက်ခြင်း နံပါတ် ၁ - ဟန်​ဆောင်ပါ။ မိမိကြိုက်​နေတာကို မိမိကလွဲပြီး ဘယ်သူမှမသိပါ​စေနဲ့ crushကမ​ချေခင် ကိုယ်ကသူ့ကိုစိတ်မ၀င်စားချင်​ယောင်​ဆောင်ရပါမယ် ကြိုက်သွားတာသိရင် ​ချေမှာမို့လို့ပါ)

​နောက်တစ်​နေ့ မနက်-

မန္တ​လေး​ဆောင်​ရှေ့တွင် ဥက္ကာဦး၏ကား အ၀င်ကို​စောင့်​နေရသည်။ ထိုသူကို​တွေ့ဖို့အချိန်မှာ အတန်းမစခင်အချိန်တစ်ခုသာရှိလိမ့်မည်။ အ​ပေါက်၀မှ ခုံတန်းလျား​လေး​ပေါ်ထိုင်ရင်း ရင်တထိတ်ထိတ်ခုန်​လျက်ရှိသည်။ ဟိုကြည့်ဒီကြည့် ကြည့်ရင်းအချိန်ကုန်သွားပြီး အတန်းမစခင် ၁၀မိနစ်အလိုတွင် ကားတစ်စီး ပါကင်ထိုးပြီး ထိုကား​ပေါ်မှဆင်းလာ​သော အရပ် ၆​ပေ၂နှင့် မိမိရဲ့ အိုင်​ဒေါ​လေးကိုမြင်လိုက်ရသည်။ အနီးတစ်ဝိုက်မှ မိန်းက​လေးများရဲ့အကြည့်ကလည်း ထိုသူဆီမှာ။ ကြည့်​လေကြည့်​လေ ရိုးမသွားနိုင်တဲ့ ထိုသူ့မျက်နှာကြည့်ပြီး အံ့သြရသည်။
"ဘာလို့ ဒီ​​လောက်ချစ်ဖို့​ကောင်း​နေရတာလဲ"
ကြိုက်လွန်းလို့စိတ်ထဲမှာကျိန်ဆဲမိ​တော့မိအထိပင်။

아이돌, 저랑 자요( Idol, sleep with me)Where stories live. Discover now