"ယောရောဘွန်းတို့ရေ ကျွန်မမြင်နေရတာကြီးကတကယ်လားရှင်? ဒီနေ့တစ်နေ့လုံးကျွန်မရဲ့ပါတနာက ကျွန်မရဲ့အိုင်ဒေါလေးတဲ့လားရှင်"
စကားနှင့်ဖော်ပြမရနိုင်သော ၀မ်းသာပီတိများ ဖြစ်ပေါ်နေလျက်ရှိသည်။
ကျောင်းပွဲမှာလည်း ထိုသူရဲ့အရှိန်အဝါကြောင့် လာရောက်သူများ တဟုန်ထိုးများပြားလာတော့သည်။cat walkလျှောက်ပြီး အနုပညာရှင်များဖျော်ဖြေကြပေသည်။ ဖျော်ဖြေမှုများလည်းပြီးဆုံးပြီး king queenများကြေညာပြီးနောက် အခမ်းအနားကြီးလည်းပြီးဆုံးသွားသဖြင့် တာ၀န်ယူကျသူများလည်း အချင်းချင်းတာ၀န်ကျေကြောင်းပြောဆိုကြရင်း လမ်းခွဲခဲ့ကြပေသည်။
"ဧကရီ အိမ်ပဲပြန်တော့မှာလား"
အဖွဲ့ထဲကအမတစ်ယောက်ကမေးလာသည်။
"ပွဲကစောပြီးလို့ တကယ်ဆိုမပြန်ချင်သေးဘူး"
"ဒါဆိုအမတို့နဲ့လိုက်မလား? အဖွဲ့၀င်တွေတစ်ဝိုင်းလောက်သွားသောက်ရအောင်"
"ညီမကတော့ကြိုက်တာပေါ့"
ဤသို့ဖြင့် ၄၊၅ ယောက်ခန့် တစ်ဝိုင်းထိုင်ဖြစ်ခဲ့သည်။အမြည်းကောင်း၍ပဲလားမသိ တစ်ခွက်ပြီးတစ်ခွက်သောက်နေခဲ့မိသည်။ရီကြ မောကြ ပင်ပန်းသမျှတွေကို အပျော်နဲ့ဖြေကြ။ တက္ကသိုလ်ဘ၀ဆိုသည်မှာ တကယ်ကိုကောင်းမွန်သော အချိန်ကာလပင်။
"Toilet ဘယ်နားမှာလဲ?ခဏသွားချင်လို့ "
"ဟ်ုအကွေ့လေးတွေ့လား အဲ့ကနေ၀င်သွားရင်တွေ့လိမ့်မယ်"
"Thank you"
အလေးပြုပြီး ဧကရီToiletသို့လာခဲ့သည်။
Toiletမှာ အပြင်တွင်အစောင့်တစ်ယောက်ရှိပြီး စုစုပေါင်း၆ခန်းတွင် boy ၃ခန်း girl ၃ခန်းဖြစ်သည်။ သီးသန့်ခွဲထားခြင်းတော့မရှိ။ ဧကရီ စိတ်ထဲတွင်တွေးလိုက်မိသည်။
"တကယ်အဆင်ပြေလိုက်တဲ့ Bar"
အိမ်သာတံခါးကိုဖွင့်ပြီး ထွက်အလာတွင် ကျောပေးရပ်ထားသောလူတစ်ယောက်ကို တိုက်လိုက်မိသည်။
"Aww sry"
တောင်းပန်သောအခါ ထိုလူကလှည့်ကြည့်လာသည်။ဒီနေ့ တနေကုန်တောက်ပတဲ့ဆွဲဆောင်မှုဖြင့် မိမိဘေးမှာရပ်နေခဲ့တဲ့ထိုသူ။ All blackဖြင့် ညှို့ဓါတ်ကပြင်းပြလျက်ရှိသည်။ အကုန်လုံးကမှောင်မိုက်နေသယောင်ယောင်။ မိမိကတော့ ပွဲတုန်းကအ၀တ်အစား ထိုအတိုင်းပင်။
နေ့လည်ကတော့ အားလုံးကိုအပြုံးလေးနဲ့နှုတ်ဆက်နေတဲ့ထိုလူက အခုတော့ တည်ကြည်သောအကြည့်ဖြင့် စူးစိုက်ကြည့်နေသည်။ ထိုမှတစ်ဆင့် ရှေ့ကို တစ်လှမ်းချင်း တစ်လှမ်းချင်း တိုးလာခဲ့သည်။ မိမိလည်းရုတ်တရက်ရှေ့တိုးလာသော ထိုသူကြောင့် နောက်ကိုတစ်လှမ်းချင်းဆုတ်လာရသည်။ နံရံကိုကပ်သွားတဲ့ ထိုအခိုက်အတံ့မှာတော့ ထိုသူကခေါင်းကို ငုံ့လာပြီး မိမိနှုတ်ခမ်းများကို နမ်းရှိုက်နေသည်။
သောက်ထားသည့်အရှိန်ကြောင့်ရီဝေဝေဖြစ်နေသည်လည်းပါဦးမည်။ ထိုသူရဲ့အနမ်းများကိုငြင်းဆန်၍မရခဲ့။ ပုံမှန်သာဆိုလျှင် ဘာလုပ်တာလဲ မေးရမဲ့အချိန်တွင် မိမိကတော့ ထိုသူရဲ့အနမ်းများကိုတုံ့ပြန်နေမိနေပြီဖြစ်သည်။ အနမ်းတို့မှာ တဖြည်းဖြည်းကြမ်းတမ်းလာပြီး ပိုမိုနက်ရှိုင်းလာသည်။ ထိုသို့ပြင်းထန်လာသော ထိုသူရဲ့အနမ်းများကြောင့် အသက်ရှူမ၀ဖြစ်လာကာ ခေတ္တတွန်းလိုက်မိသည်။ ထိုသူမှာ ရပ်တန့်သွားပြီး မိမိမျက်လုံးကိုစိုက်ကြည့်ရင်း မေးခွန်းမေးလာသည်။
"ဧကရီ ကျွန်တော်နဲ့အိပ်ချင်လား?"
YOU ARE READING
아이돌, 저랑 자요( Idol, sleep with me)
Romance"idol မီနဲ့အိပ်ရအောင်" ဆိုတဲ့ ဒီficလေးမှာ crushနဲ့အိပ်ရဖို့ ကောင်မလေးတစ်ယောက် ဘယ်လိုတွေမူရအကြောင်းဖန်လာမလဲ.... မထင်မှတ်ဘဲ တစ်ညအိပ်မိသွားတဲ့အခါ crushနဲ့ကောင်မလေးရဲ့ဆက်ဆံရေးကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ......
