Fresher welcome ပွဲနေ့.....
မနက်၄နာရီထဲက အိပ်ယာထကာ မိန်းကလေးတို့ ထုံးစံအရ ပြင်ရဆင်ရပေသည်။ အိပ်ယာဘေးတွင်တွေ့ရသော အနီရောင်၀တ်စုံကို မြင်လိုက်သည်နှင့် သက်ပြင်းကြီးသာ ချလိုက်မိတော့သည်။
ပွဲစတင်မည့်အချိန်မှာ မနက်၉နာရီဖြစ်ပြီး ပွဲအတွက်လိုအပ်သည်များ စစ်ဆေးပေးရန်လည်း မနက်၆နာရီခွဲတွင်အိမ်ကထွက်လာခဲ့သည်။ RCထဲသို့အရောက်တွင် ပွဲစီစဥ်သူအကုန်လုံးရဲ့ မျက်လုံးများက မိမိထံသို့ရောက်ရှိလာသည်။ ဖြိုးသန့်ကိုရဲ့ သူငယ်ချင်း သီဟအောင်က အသံကျယ်လောင်စွာနှင့်ပင်
"ဟ ဧကရီဦးတို့ queen selectionတွေထက်တောင်ပိုပြီး ပေါ်လွင်အောင်ပြင်လာပါလားဟ"
မိမိလည်း ရှက်သဖြင့် လက်ညှိုးဖြင့် ရှူးဆိုသည့် အမူအရာဖြင့် အပေါက်ကိုပိတ်လိုက်ပြီး နားနေခန်းသို့အပြေးသွားခဲ့သည်။
"ငါ့ကောင်ကြီးရေ ကြည့်နေတာပဲ မျက်လုံးတွေကျွတ်တော့မယ် ဖွင့်ပြောဖို့အစီအစဥ်ကျတော့ရော မရှိတော့ဘူးလား"
သီဟအောင်က ဖြိုးသန့်ကိုကို လက်တို့လိုက်သည်။
အဖြေပြန်မလာဘဲ ပြုံးသာပြုံးနေလိုက်သည်။
မနက် ၉နာရီ...
" မကြာမီအချိန်အတွင်းတွင် ရန်ကုန်တက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား စတင်တော့မည်ဖြစ်ပါသဖြင့် ဧည့်ပရိသတ်များနေရာယူပေးကြပါရန် လေးစားစွာပန်ကြားအပ်ပါတယ်ရှင်"
ထိုသို့ပြောပြီးနောက်တွင် စင်အောက်သို့အလောတကြီး ပြန်လည်ဆင်းလာရသည်။အကြောင်းမှာ ယောကျ်ားလေးအစီစဥ်တင်ဆက်သူရောက်ရှိမလာသေးသောကြောင့်ဖြစ်သည်။
"ဟဲ့ အဖြိုးရေ ဟိုတစ်ယောက်က အခုထိမရောက်သေးဘူးလား"
"မနေ့ညနေကပြန်သွားတော့ အဖျားသွေးနည်းနည်းရှိနေတာ ညက messageပို့တော့ ရအောင်လာခဲ့မယ်လို့တော့ပြောတယ်"
"အခု လုပ်နိုင်မဲ့လူရောမရှိဘူးလား"
"ခဏ ငါတစ်ချက်သွားကြည့်ဦးမယ်"
နားနေခန်းထဲကပြန်ထွက်အလာတွင် အငြိမ့်လူရွှင်တော်ထဲမှတစ်ယောက်ပါလာသည်။ တစ်ခါတစ်ရံ မေဂျာပွဲများတွင် အစီအစဥ်တင်ဆက်ဖူးသည်ကိုတော့ တွေ့ဖူးသည်။ စိုးရိမ်သည်မှာ အငြိမ့်နှင့်အချိန်ဇယားတိုက်နေသည်များကို မည်သို့ဖြေရှင်းမည်နည်း ဆိုတာကိုပင်။ စိုးရိမ်သည်က နောက်မှ။ လုပ်စရာရှိတာ လုပ်ရမည်မှာ အရင်။ ထို့ကြောင့် စင်ပေါ်သို့တက်ကာ ၂ယောက်သား မူလအတိုင်း တင်ဆက်စရာရှိသည်များကို တင်ဆက်လေတော့သည်။
YOU ARE READING
아이돌, 저랑 자요( Idol, sleep with me)
Romance"idol မီနဲ့အိပ်ရအောင်" ဆိုတဲ့ ဒီficလေးမှာ crushနဲ့အိပ်ရဖို့ ကောင်မလေးတစ်ယောက် ဘယ်လိုတွေမူရအကြောင်းဖန်လာမလဲ.... မထင်မှတ်ဘဲ တစ်ညအိပ်မိသွားတဲ့အခါ crushနဲ့ကောင်မလေးရဲ့ဆက်ဆံရေးကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ......
