part-5

339 0 0
                                        

ကျွန်မ အထင်အမြင်​တွေပဲမှားသွားခဲ့တာလား??

ဒီ​လောက်​ကောင်မ​လေး​ချော​ချော​လေး​တွေထဲမှာ ဘာလို့ကျွန်မလဲ??

ကျွန်မကိုတကယ်ပဲသူနဲ့အိပ်​စေချင်တာလား???

ပြီး​တော့ သူနဲ့အိပ်လိုက်ရင်​ရော ကျွန်မကသူ့အတွက်အ​ပျော်ကြံရုံရှိတဲ့ တစ်ညတာမိန်းမပဲဖြစ်သွားမှာလား??

​နောက်​​နေ့ကျရင်​ရော သူကျွန်မကို မှတ်မိပါဦးမလား??

၀န်ခံပါသည်။ ကျွန်မသူနဲ့အိပ်ချင်မိခဲ့သည်။ တကယ်အခုလို အခွင့်​ရေးက​ ​ရှေ့ကို​ရောက်လာချိန်မှာ​တော့ ကျွန်မတကယ်ကို ​ကြောက်လန့်​နေမိသည်။ ကျွန်မရဲ့ first time  ပြီး​တော့ တစ်ဖက်လူက ကျွန်မအရမ်းချစ်ရပါ​​သော ကျွန်မရဲ့အိုင်​​ဒေါ.....

အ​တွေး​တွေနဲ့လည်းပြည့်လို့​နေသည်။ ဒါ​ပေမဲ့ ငြင်းဆန်လို့မရတဲ့ နှလုံးသား​လေးမှာလည်း တဒုတ်ဒုတ် အသံ​ပေးလို့​နေ​လေသည်။ ထိုစဥ်....

"​ဆောရီး အမဧကရီ ကျွန်​တော်နည်းနည်းလွန်သွားတယ် အမဘက်ကိုမ​တွေးလိုက်မိဘူး ကျွန်​တော်မ​ပြောခဲ့သလိုပဲ သ​​ဘောထားလိုက်ပါ ဒါဆိုအပြင်ထွက်ရ​အောင်"
အိုင်​ဒေါက သူ​ပြောသည့်စကားများကို ဤနည်းဖြင့်ပြန်လည်ရုပ်သိမ်းပစ်လိုက်သည်။

စိတ်ထဲမှာ လွန်ဆွဲ​နေမိသည်။ ဧကရီ ဒါဥက္ကာဘက်က စ​ပြောတာ​နော်။ နင်စိတ်ကူးယဥ်ခဲ့ရတဲ့​နေ့​တွေ ဥက္ကာနဲ့နင်နဲ့ ခန္ဓာကိုယ်မှာဘာမှမပါပဲ ထိ​တွေ့နိုင်မဲ့ည​တွေ....

ဟင့်အင်း မဖြစ်ဘူး တကယ်လို့ ငါအိပ်မိရင် သူ့အတွက်ငါက လွယ်လွယ်ရတဲ့မိန်းက​လေးဖြစ်​နေလိမ့်မယ် တန်ဖိုးမရှိဖြစ်သွားမယ် မလုပ်နဲ့

လုပ်မယ် မလုပ်ဘူး ​တွေ​ဝေစဥ်းစားပြီး ​​နောက်မှာ​တော့ ဆုံးဖြတ်ချက်တစ်ခု။

မိမိ​ရှေ့က​နေ ​ကျောခိုင်းပြီး ထွက်သွားဖို့ပြင်​နေတဲ့ထိုသူလက်ကိုဆွဲထားပြီး ​ပြောလိုက်သည်က

"ဥက္ကာ မီ အိပ်ချင်တယ်"

________________________________________

အိုင်​ဒေါလည်း နည်းနည်း​သောက်ထား​ပေမဲ့ သူ့ကားနဲ့ပဲ အတူထွက်လာခဲ့သည်။ ဒီတစ်ည​တော့ အိုင်​ဒေါကို crush​နေတဲ့မိန်းက​လေးတစ်​ယောက်အ​နေနဲ့ မဟုတ်ဘဲ သူနဲ့တစ်ညတာအိပ်မဲ့မိန်းက​လေးအဖြစ်ရှိ​နေ​တော့မည်။

ကားရဲ့ love seat​နေရာမှာထိုင်ရင်း အိုင်​ဒေါလက်​လေးကို ကိုင်ထားခွင့်ရခဲ့သည်။ ရန်ကုန်မြို့ရဲ့ညမီး​​ရောင်​တွေ​အောက်မှာ မီးပွိုင့်မိ​နေတဲ့အချိန်​လေး​တွေမှာ အနမ်းများဖလှယ်​နေခဲ့ကြသည်။

ဒီတစ်ည​တော့ အပို​တွေမ​​တွေးပဲ အခွင့်အ​ရေး​​ရောက်ရှိ​နေခိုက်မှာ​ပျော်လိုက်ဖို့သာ ​တွေးမိ​တော့သည်။

နမ်းရှိုက်ရင်း သူ့နှလုံးသား​လေး​ပေါ်တင်မိလိုက်တဲ့လက်....

အိုင်​ဒေါရဲ့ နှလုံးခုန်နှုန်း​တွေမှာလည်း မြန်ဆန်လို့​နေ​ပေသည်။ အိပ်ရ​တော့မယ်ဆိုတဲ့ ခဏတာ​ကြောင့်များလား??

ထိုသို့ဖြင့် ​မောင်းနှင်လာ​သောကား​လေးမှာ ​နေရာတစ်ခုသို့​ရောက်​သောအခါ ရပ်တန့်လို့သွားသည်။

"Rose Garden Hotel......"

아이돌, 저랑 자요( Idol, sleep with me)Tempat cerita menjadi hidup. Temukan sekarang