Part - 23 ( Zawgyi )

Start from the beginning
                                    

သူပိုင်ဆိုင်တဲ့အရာကိုခိုးယူခဲ့တဲ့ ထက်မြတ်ဦးအပေါ်ကို
မကိုဋ်က အလွတ်ပေးမှာ မဟုတ်သလိုပဲ သက်ထက်ပန်ကို
ပိုင်ဆိုင်ဖို့အတွက် ထက်မြတ်ဦးကလဲ သူ့ပြိုင်ဘက်ကို
လူ့လောကထဲကနေမောင်းထုတ်ဖို့အထိ ပြင်ဆင်ထားပြီးသား။
ဒီနှစ်ယောက်ထိပ်တိုက်တွေ့တာနဲ့ ဘယ်သူမှအသက်ရှင်
ကျန်ခဲ့ဖို့လမ်းမမြင်ချေ။ ဒါကြောင့်ပဲ အမှောင်ထဲက
နေလှုပ်ရှားကာ သူ့တိုချင်းထိပ်တိုက်တွေ့တာကို
စောင့်ကြည့်လိုက်ယုံပေါ့ ။

ကိုယ့်အတွေးကို ကိုယ့်ဘာသာသဘောကျမိရင်းကနေ
ဖုန်းကိုလှမ်းယူလိုက်ကာ ဓာတ်ပုံတစ်ချို့ကို
ဖုန်းနံပါတ်အစိမ်းတစ်ခုစီ သတင်းပို့ဆောင်ပေးလိုက်လေ
တော့သည်။ ပွဲကတော့စပြီလေ။အဝေးကနေထိုင်ကြည့်
ပြီး အလောင်းကောက်ပေးဖို့တာဝန်သာရှိလေတော့၏ ။


*
*
*
*
*
*
*
*

" ဒုန်း! !! "

" အိမ်မှာ လူတွေရှိနေတာကို သက်ထက်ဘယ်အချိန်
ထွက်သွားလဲဆိုတာ ဘယ်သူ့မှမသိလိုက်ဘူးပေါ့
ဟုတ်လား "

စားပွဲခုံကိုထုပြီးမေးလိုက်သည့်စကားကြောင့် ကိုယ့်အရှေ့
မှာရပ်နေသူတွေရဲ့ခန္ဓာကိုယ်တွေ ဆက်ခနဲတုန်သွားကျ
သည်။

" ခါတိုင်းလဲ သူ့အခန်းထဲမှာဘဲနေနေကျဆိုတော့ "

" ဒေါ်နွယ်!!!! "

ကျယ်လောင်လွန်းသည့်အသံကြောင့် ပြောလက်စ စကား
သံတို့ ရပ်တန့်သွားလေတော့သည်။

" ကျွန်တော် ဒေါ်နွယ်တို့အကုန်လုံးကို မိသားစုဝင်တွေ
လိုသဘောထားခဲ့တာနော် ၊ ကျွန်တော့်ဘက်က
အကုန်လုံးကိုအဆင်ပြေအောင်လုပ်ပေးနေပြီး ဒေါ်နွယ်
တို့တွေက သက်ထက်တစ်ယောက်ထဲကိုတောင်
သေသေချာချာလေး မစောင့်ရှောက်ပေးနိုင်ဘူးလား၊
အခုလိုပျောက်သွားရင်းနဲ့ လမ်းမှာတစ်ခုခုဖြစ်နေရင်
ဘယ်လိုလုပ်မလဲ ၊ ဘယ်လိုက်ရှာကျမလဲ
ဖြေလေ ဖြေကျစမ်း အခုသက်ထက်ပန်ကို
ဘယ်နေရာမှာ လိုက်ရှာကျမယ်တွေးထားလဲ "

မေးခွန်းတွေမေးနေမိပေမယ့် အဖြေစကားတို့က
တိတ်ဆိတ်လွန်းနေသည်။ မကိုဋ်လဲ ရင်တွေပူလှပြီ။
ထက်မြတ်ဦးသတင်းကိုရလို့ အပြင်ကိုခဏလေး
ထွက်သွားမိချိန်မှာ အိမ်မှာဒီကလေးကို
ဘယ်သူမှစောင့်မနေဘူးတဲ့လား ။
ကိုယ်အိမ်မှာမရှိတဲ့အချိန်ခဏလေးအတွင်းမှာ
ဒီကလေးကပျောက်သွားတာ ကိုယ့်ကိုကိုယ်လဲ
အပြစ်တင်မိသည် ။ ဒီလိုနဲ့ အချိန်မီလိုက်မရှာနိုင်ခဲ့ရင်
ဆိုသည့်အတွေးက ကိုယ့်ကိုပူလောင်မှုတွေများစေတယ်
လေ။

My Husband Hates Me ( Completed )Where stories live. Discover now