ရုတ်တရက်အော်ပြောလာတဲ့စကားတစ်ခွန်းကြောင့်မှိုင်းညှို့ကိုယ်လေးမှာတုန်ခနဲ။ ဒီစကား……ဒီစကားကမှိုင်းညှို့မြတ်သဝဏ်ကိုအမြဲအော်ပြောခဲ့ဖူးတဲ့စကား။ မြတ်သဝဏ်တစ်ခုခုကိုရှင်းပြတိုင်းအော်ပြောမိခဲ့တဲ့စကား။
အခု…အခုဒီစကားကိုရဏသဝဏ်ကဘာဖြစ်လို့……ဘာဖြစ်လို့တစ်ထပ်တည်းတူအောင်………။

မြတ်သဝဏ်အကြောင်းတွေးမိရုံနဲ့တင်မှိုင်းညှို့ကြောက်ရွံ့စိတ်ကအလိုလိုတိုးဝင်လို့လာသည်။ တုန်ယင်လာမိတဲ့ခန္ဓာကိုယ်လေးနဲ့အတူမြင်ယောင်လာမိတဲ့အဲ့ဒီ့နေ့ကအဖြစ်အပျက်တွေ။ လှေကားအဆုံးမှာသွေးတွေနဲ့အတူလဲကျနေတဲ့မြတ်သဝဏ်ရဲ့ပုံစံ ၊ မှိုင်းညှို့…မှိုင်းညှို့ကသူ့ကိုတွန်းလိုက်မိတာ……။

သူ့ရှေ့မှာရပ်နေရင်း မျက်လုံးတွေဂနာမငြိမ်ဖြစ်ကာတုန်လှုပ်၍တစ်ခုခုကိုကြောက်ရွံ့နေသလိုဖြစ်နေတဲ့ဦးမှိုင်းညှို့ရွှေဘုံကိုသဝဏ်မဲ့ပြုံးတစ်ချက်ပြုံးကာသာစိုက်ကြည့်နေမိသည်။
ဘယ်လိုလဲ……ခင်ဗျားမေ့ထားခဲ့တဲ့နာမည်ကိုပြန်ကြားလိုက်ရတော့။
ဘယ်လိုနေလဲ……ခင်ဗျားမှတ်ဉာဏ်ထဲကဖျောက်ထားတဲ့လူတစ်ယောက်ကိုပြန်အမှတ်ရလိုက်ရတော့။
ပြင်ဆင်ထားလိုက်ပါဦးမှိုင်းညှို့ရွှေဘုံ……နောက်ဆိုရင်ခင်ဗျားဒီ့ထက်ပိုပြီးတမြေ့မြေ့နဲ့နာကျင်ရတော့မှာ။

"ကျုပ်ကိုခွင့်ပြုပါအုံး……ဒီလိုမျိုးစောက်အရည်အချင်းမရှိတဲ့ဥက္ကဌနဲ့အလုပ်တွဲလုပ်ရတာစိတ်ပျက်မိတယ်ဆိုတဲ့အကြောင်းလေး ခင်ဗျားလင်ကိုပြန်ပြောပေးပါအုံး……"

ရဏသဝဏ်ကယစ်ကိုပြောဆိုသွားတာတောင်မှိုင်းညှို့မှာဘာဆိုဘာမှပြန်မပြောလိုက်နိုင် ၊ သူ့စိတ်သူသာငြိမ်အောင်ပြန်ကြိုးစားနေရသည်။
ယစ်သင်ပေးထားသလိုလက်သီးကိုခပ်တင်းတင်းပြန်ဆုပ်ရင်း ဘယ်သူမှမကြားအောင်တစ်ကိုယ်တည်းထပ်ခါတလဲလဲရေရွတ်နေလိုက်မှသာစိတ်ကတဖြည်းဖြည်းပြန်အဆင်ပြေလာတော့တယ်။

"ဟုတ်တယ်…ယစ်ပြောသလိုပဲ မြတ်သဝဏ်သေရတာငါ့ကြောင့်မဟုတ်ဘူး……ပြီးတော့သူကသေသွားပြီ အဲ့ဒီ့ကောင်ကိုဘာမှသတိရနေစရာမလိုတော့ဘူး……"


Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now