너를 만나 - 4

Start from the beginning
                                    

လယ်ထဲအား တယောအိတ်နှင့် လွယ်အိတ်ကို တစ်ပြိုင်တည်းထိုးပေးလာသည့် ကျန်းဟာအိုက ဒီနေ့မှ သူ့ကိုရန်လိုနေသလို။
ဆောင်းဟန်ဘင်းမှာ ကျန်းဟာအိုသူ့ကို ဘာကြောင့်စိတ်ဆိုးနေလဲ ဆိုသည့် အကြောင်းအရာကိုပင် ဆက်မစဉ်းစားနိုင်သေး၊

လက်ထဲက မိုးပြာရောင်လွယ်အိတ်ကို နောက်၌လွယ်ကာ တယောအိတ်ကို လက်မှာချိတ်ရင်း ‌ခြေလှမ်းအကျဲကြီးများဖြင့် ထွက်သွားပြန်သည့် ဂိုက်ဆရာနောက်သို့ လိုက်ရပြန်သည်။

ဆောင်းဟန်ဘင်း၏ ပုံစံမှာ ကိုယ့်လွယ်အိတ်နှင့် ကျန်းဟာအိုလွယ်အိတ်အား နောက်တွင်တစ်ဖက်စီလွယ်ကာ၊ ‌လက်တစ်ဖက်တွင်လည်း တယောအိတ်ကို ကိုင်ထားရသေးသည်။

မသိလျှင် ဆောင်းအိမ်တော်၏ အငယ်ဆုံးသားဟာ ကျန်းဟာအို၏ တောက်တိုမယ်ရလေးလို။
ကိုယ့်အဖြစ်ကိုယ် သနားပင်မဲ့လည်း ဆောင်းဟန်ဘင်းသွားအထွန့်မတက်ရဲပါ။
သူ့ဂိုက်ဆရာက စိတ်ကောက်ရင် တအားရစ်တာ။ ဆောင်းဟန်ဘင်းထက်ပင် ပို၍ရစ်တတ်၊ ကပ်တတ်သေးသည်။

မြန်မြန် မြန်မြန်လျှောက်နေသည့် သူ့ခြေလှမ်းတွေနောက် အမှီပြေးလိုက်လာသည့် ဆောင်းဟန်ဘင်းကို လမ်းသွားလမ်းလာများက ရယ်ချင်ပက်ကျိမျက်နှာများဖြင့် ကြည့်သွားကြသည်။
ဤသည်ကို သတိထားမိသည့် ကျန်းဟာအိုက နောက်သို့လှည့်ကြည့်လိုက်တော့ အိတ်သုံးလုံးဖြင့် ဗျာများနေသည့် ဆောင်းဟန်ဘင်းအား တွေ့ရသည်။

မျက်စိရှေ့တွင် မြင်နေရသည့် ဆောင်းဟန်ဘင်း၏ ပုံစံမှာ အလွန်ပင် ရယ်ချင်စရာကောင်းတာကြောင့် ကျန်းဟာအိုမှာ မရယ်လိုက်မိအောင် အောက်နှုတ်ခမ်းအား သွားဖြင့်ကိုက်ထားမိသည်။
ရှေ့ကိုဆက်မလျှောက်သေးဘဲ သူမှီလာသည်အထိ ရပ်စောင့်နေလိုက်တော့မှ ဟောဟဲ တိုက်ကာ ဘေးသို့ရောက်လာတော့သည်။

"မနိုင်မနင်းဖြစ်နေတာကို ငါ့ကိုဘာလို့မပြောတာလဲ"

"ဟောင့်ကောက ခုနတည်းကရန်စွာနေတာလေ၊ သယ်ပေးမယ်ပြောပြီး ငြီးငြူလိုက်ရင် ထပ်စိတ်ကောက်သွားမှ ပြဿနာ"

"ငါဘယ်တုန်းက စိတ်ကောက်ဖူးလို့လဲ မဟုတ်တာတွေ"

"အတိတ်မေ့ချင်ယောင်မဆောင်ပါနဲ့။ ဟိုတစ်ခါက ကလစ်လေးတပ်လာတာ မပြောမိတာကို သုံးရက်လောက်မခေါ်တာ ဘယ်သူလဲ"

 너를 만나 - Me After YouWhere stories live. Discover now