°°Chapter-14°°

230 16 7
                                    

°မင်းလေးရဲ့မျက်ရည်တစ်စက်က ကိုယ့်ရဲ့နှလုံးသားကိုဓားနဲ့အချက်ပေါင်းများစွာထိုးလိုက်သလိုနာကျင်စေတယ်  ဒေစီငယ်°

•••••••••••••••••••••
လေပြေလေးတွေတဖြူးဖြူးနဲ့အေးအေးချမ်းချမ်းတောင်စောင်းနားမှာဆောက်ထားတဲ့ဆိုင်လေးကစိတ်ကိုပါအေးချမ်းမှုဖြစ်စေသည်။

ပင်လယ်ကျောက်ဆောင်တွေရဲ့အလှကိုပါလှမ်းမြင်နေရသဖြင့်ရှုခင်းကလဲအတော်လှသည်။ကလေးငယ်ကိုစိတ်ငြိမ်အောင်ဒီဆိုင်လေးကိုခေါ်လာတာမှန်သွားသည်လ်ို့ပြောရမည်။

ခုနကလောက်ကလေးငယ်ရဲ့အခြေအနေမဆိုးတော့ပဲရှုခင်းလေးတွေလိုက်ကြည့်နေသည်။ကြည့်ရတာစိတ်ပြေလက်ပျောက်ဖြစ်သွားပုံရသည်။

°ကိုယ့်ကလေးငယ် နေလို့အဆင်ပြေသွားပြီလားဟင် လန့်နေသေးလား°

°အရမ်းမလန့်တော့ပါဖူးကိုကို အာ့လူတွေဘာလို့ကလေးတို့နောက်ကိုလိုက်တာလဲ°

°ကိုယ်လဲသေချာတော့မသိသေးပေမယ့် ကိုယ့်ကိုလိုက်နှောက်ယှက်နေတာဖြစ်မယ်ထင်တယ် ကိုယ့်အလုပ်ကအပြိုင်အဆိုင်တွေများတော့သူတို့တွေထဲကတစ်ယောက်နေမှာ °

°ကိုကိုက အန္တရာယ်များတာတွေလုပ်ကတာပေါ့နော် °

ထိုမေးခွန်းကြောင့်မလုံမလဲဖြစ်သွားတဲ့Netတစ်ယောက်ဂဏမငြိမ်ပဲ ဘယ်အဖြေကပိုသင့်တော်လဲ လိမ်ပဲလိမ်လိုက်ရမလားဆိုပြီး မေးခွန်ပေါင်းသောင်းခြောက်ထောင် ခေါင်းထဲစီပြီးပေါ်လာတော့သည်။

ပြီးမှမချိတင်ကဲအပြုံးလေးပြုံးလိုက်ကာ

°အဟင်းး မဟုတ်ပါဖူးကလေးရဲ့ လုပ်ငန်းကြီးတွေဆိုတော့လဲတစ်ခါတစ်လေအတိုက်အခိုက်တွေရှိတာပေါ့ စိတ်မပူနဲ့ဘာမှမဖြစ်ဖူးနော် °

°အော် ဟုတ်ကိုကို °

°ကလေးငယ်°

°ဗျာ °

°ကိုယ်တို့ဆက်သွားကြရအောင်လေ ကလေးသွားချင်တဲ့နေရာကိုအမှီရောက်အောင် ဒီနေရောင်လေးနဲ့ဆိုဟိုကိုရောက်ရင်ညနေစောင်းပြီ အရမ်းလှမှာ သွားရအောင်လာ°

°ဟုတ်တယ်နော်ကိုကို သွားမယ်သွားမယ် °

°ကိုယ့်လက်ကိုကိုင် ကားဆီသွားကြမယ်°

°°My Lovely Daisy°° (NETJAMES)Where stories live. Discover now