°°Chapter-1°°

2.2K 66 39
                                    


22ရက် ၊5 လပိုင်း ၊ 2023 ခုနှစ်
Thai စံတော်ချိန် 9:00

ထိုင်းနိုင်ငံရဲ့ ပထမဆုံးအဆင့်မှီCompany ထဲကတစ်ခုဖြစ်တဲ့Aunglo စားသောက်ကုန် Company အရှေ့ကို နက်မှောင်ပြောင်လက်နေတဲ့ကားတစ်စီး၀င်လာခဲ့တယ်။ 

ထိုကားပေါ်ကနေ ချောမောခန့်ညား ပြီး တည်ငြိမ်တဲ့အမူအရာနဲ့အေး‌စက်စက်အငွေ့အသက်ရှိတဲ့ အမျိုးသားတစ်ယောက်ဆင်းလာခဲ့ပြီး ထိုလူရဲ့လည်ပင်းနားရှိ လိပ်ပြာပုံtatto က ထိုလူ့ကိုပိုခန့်ညားစေသည် ။

သူ့နာမည်ကတော့Net Siraphop ပါ။  Aunglo company ရဲ့ CEO ဖြစ်သလို  မိသားစု တရားမ၀င်စီးပွားရေးများစွာကိုပိုင်ဆိုင်တဲ့Mafia လုပ်ငန်းရှင်တစ်ယောက်လဲဖြစ်ပြီးအသက်ငယ်ရွယ်သော်လည်းစီးပွားရေးလုပ်ငန်း တင်မကပဲ နိုင်ငံရေးကိုပါ ကိုင်လှုပ်နိုင်တာမလို့ Net ကို အထက်ပိုင်းအရာရှိများအထဲကတောင်မ‌လေးမစားလုပ်ရဲသူမရှိကြဖူး။

'Tor. ဒီနေ့ည ပစ္စည်းအလဲအထပ်လုပ်တဲ့အခါ ဘာအမှားအယွင်းမှမရှိစေချင်ဖူးကြားလား ´

'ဟုတ် Boss စိတ်ချပါ အဆင်ပြေစေရပါမယ် ´

' ပြီးတာပဲ မင်းပြောသလိုပဲစိတ်ချလိုက်မယ် ငါညကြအရေးကြီးရှယ်ယာရှင်နဲ့တွေ့စရာသာမရှိရင် ငါကိုယ်တိုင်လှုပ်ရှားလိုက်ပြီ ငါမပါတော့ပိုဂရုစိုက် လူအင်အားပိုခေါ်သွား ´

'ဟုတ် boss အစည်းအ ေ၀းစတော့မယ်  ´

'Okay သွားကြတာပေါ့´

Net Comapany ထဲ၀င်လာတာနဲ့ မိန်းကလေးများသာမက ယောကျာ်းလေးများကပါ လိုချင်တပ်မက်တဲ့အကြည့်နဲ့ ကြည့်ကြတယ် ။

ဒါမဲ့ဘယ်သူ့မှမချဥ်းကပ်ရဲကြဖူး  Netကသွားစလို့ကောင်းတဲ့လူမဟုတ်တာသိကြတယ်လေ ။

____________________________________

မနက် 4နာရီခန့်

တီ တီ တီ တီ •••••( နှိုးစက်မြည်သံ)

မှောင်မဲနေပြီးကျဥ်းမြောင်းတဲ့အခန်းငယ်ထဲမှာ ချစ်စရာကောင်းပြီးဖြူဖွေးအုဖက်နေတဲ့ကောင်လေးတစ်ယောက်နှစ်ခြိုက်စွာအိပ်နေတယ် ထိုကောင်လေးကတော့James ဖြစ်ပါတယ်။

ဆိုးရွားသောနှိုးစက်သံကြောင့်james နိုးလာခဲ့တယ် ။
အိပ်ရေးမ၀သေးပေမဲ့လည်းမထလို့မရ သူအဒေါ်တို့မိသားစုအတွက် ထမင်းဟင်းချက်ပေးရအုံးမည်။
James လဲအိပ်ရာသိမ်း မျက်နှာသစ်ပြီး မီးဖိုချောင်၀င်ဖို့ပြင်ဆင်လိုက်တော့တယ် ။

°°My Lovely Daisy°° (NETJAMES)Where stories live. Discover now