°°Chapter-2°°

682 51 24
                                    

Jamesလဲနောက်အလုပ်တစ်ခုပဲထပ်ရှာလိုက်တော့မယ်လို့ပဲတွေးပြီးအိမ်ကိုပြန်လာခဲ့တော့တယ်။

'James နင်ဒီနေ့အချိန်ပိုကြေးဘယ်လောက်ရခဲ့လဲငါ့ကိုရသလောက်ပေးစမ်း´

'ဟုတ်ဒေါ်လေး´

'အေးနော်နင်အိမ်မှာနေရင်လဲအေးဆေးနေမနေနဲ့ အိမ်အလုပ်လေးဘာလေးကူလုပ်ငါတို့ကနင့်ကိုဒီအရွယ်ထိကျွေးမွေးလာခဲ့တာကျေးဇူးကန်းဖို့တော့မစဥ်းစားနဲ့ကြားလား´

'ဟုတ်ကဲ့´

'အေးပြီးတာပဲ လုပ်စရာရှိတာလုပ်ငါသွားအိပ်တော့မယ် နင့်ဦးလေးနဲ့နင့်မမကြီးလဲအိပ်နေတယ်နော် လုပ်စရာရှိတာတိုးတိုးသက်သာလုပ်ဆူညံမနေနဲ့´

James တိတ်တိတ်ဆိတ်ဆိတ်ပဲသူလုပ်စရာရှိတာလေးတွေလုပ်နေလိုက်တော့သည်။

သူလုပ်စရာအကုန်ပြီးတဲ့အချိန်မှာ နာရီက ၁၂ထိုးကိုပြနေပြီ ဒါကြောင့်သူလဲအိပ်ယာခင်းပြီးအိပ်ဖို့ပြင်လိုက်ပြီး ဒီနေ့Bar မှာသူ၀င်တိုက်မိတဲ့လူအကြောင်းစဥ်းစားနေမိသည် ။

ထိုလူကအတော်တော့ချောသည် ခန့်ခန့်ညားညားနဲ့လူကုံထံသူဌေးတစ်ယောက်ဖြစ်ပုံရမည်။တော်တော်တော့ချမ်းသာပုံရသည်။

သူ့အသံကနွေးထွေးပြီးjamesအပေါ်ညှင်သာလွန်းနေတာတစ်ခုတော့သူရိပ်မိလိုက်သည် ။

ဒါမဲ့James အများကြီးတွေးမနေနိုင်ပါဖူး တစ်နေကုန်ပင်ပန်းထားတာရောညကအဖြစ်အပျက်ကြောင့်စိတ်ပင်ပန်းတာကောပါပေါင်းပြီးအိမ်မက်ပင်လယ်ထဲလက်ပစ်ကူးသွားခဲ့ပြီဖြစ်ပါသည်။

At Morning🌞,

ထုံးစံအတိုင်းJamessuတစ်ယောက် စောစောစီးစီးထ လုပ်စရာရှိတာတွေကိုလုပ်ပြီး အချိန်ပိုင်းအလုပ်လုပ်ရန် အိမ်ကထွက်လာခဲ့သည်။

ဒါမဲ့ထူးထူးဆန်းဆန်းJames တစ်ယောက်သူ့နောက်ကတစ်ယောက်ယောက်လိုက်နေသလိုခံစားရသဖြင့် သူလှည့်ကြည့်တဲ့အခါမှာဘယ်သူမှရှိမနေဖူး။ ဒါကြောင့်သူလဲစိတ်ထင်တာဖြစ်မှာပါဆိုပြီး ကိုယ့်လမ်းကိုယ်ဆက်သွားနေလိုက်တော့သည် ။

Cafeရောက်တော့yimကိုတောင်ထိုအကြောင်းပြောလိုက်ရာ yim ကစိတ်ထင်တာဖြစ်မှာပါလို့ ပြောတယ်။

°°My Lovely Daisy°° (NETJAMES)Where stories live. Discover now