°°Chapter-6°°

338 26 17
                                    

°မင်းလေးအပေါ်ထားတဲ့ကိုယ့်အချစ်တွေကအဆုံးမရှိအောင်ကြီးမားလာတာပဲရှိမှာပါ ပြောင်းလဲမသွားဖူး မျက်စိမှိတ်ယုံလိုက်ပါ ဒေစီငယ်°

••••••••••••••••••••••

ဘာလိုလိုနဲ့ထိုတစ်ပတ်ဆိုသောအချိန်သည်ခနတာလေးလိုပင်မနက်ဖန်ဆိုရင်ကိုကိုနဲ့ကျွန်တော့်လက်ထပ်ပွဲနေ့ပင်၊
James သူရဲ့ဆုံးဖြတ်ချက်မှန်မမှန်လဲအခုထိ​ေ၀ခွဲမရသေးပေ။

ဒါပေမယ့်ကိုကိုကသူ့ကိုတကယ်ချစ်ပုံတော့ရပါသည်။ဒီလိုပါပဲနှလုံးသားနဲ့ဦးနှောက်ယှဥ်ရွေးတဲ့အခါသူ့နှလုံးသားကိုဦးစားပေးလိုက်သည်။

အာ့လောက်အထိသူကိုကို့ကိုချစ်မိနေပေသည်။အချစ်ဆိုတာလည်းရုတ်တရက်ရောက်လာပြီးမြင်မြင်ချင်းချစ်မိတာကံတရားလိုပင်ထူးဆန်းလှပေသည်။

ဘာဖြစ်ဖြစ်သူကိုကို့အပေါ်ကိုကောင်းပေမည်၊ဂရုစိုက်ပေးမည်၊ချစ်ပေမည်၊ ချစ်တယ်လို့မပြောတာလေးတစ်ခုပဲရှိမှာပါ။ ထိုစကားကိုတော့သူပြောဖို့အချိန်ယူရန်လိုနေသေးသည်။

Net Company,

°Tor မနက်ဖန်အတွက်သေချာစီစဥ်ထားရဲ့လား ဘာအမှားအယွင်းမှအဖြစ်မခံဖူးနော် ငါ့မင်္ဂလာပွဲမှာ°

°ဟုတ် Boss သေချာစီစဥ်ထားတယ်°

°ပြီးတော့ Babyကိုမသိစေနဲ့ ငါ့အမှောင်ဘက်ခြမ်းကို ငါလုပ်နေတဲ့တရားမ၀င်ကိစ္စတွေလဲမသိစေချင်ဖူး မနက်ဖန် အာ့ဖက်ကကောင်တွေလာမနှောက်ယှက်နိုင်အောင်လုပ်ထား Babyလုံခြုံရေးကအဓိကပဲ°

°ဟုတ်ကဲ့°

°အာ့ဆိုညကြရင်ငါတို့ကမ်းခြေကိုသွားမယ်လေယာဥ်ကိုအဆင်သင့်ပြင်ထားတော့°

°အခုပဲသွားလိုက်ပါမယ်°

သူ့မှာအန္တရာယ်တွေကပတ်လည်၀ိုင်းနေပြီးမနာလိုတဲ့လူတွေကသူ့ရဲ့အားနည်းချက်ကိုအမြဲလိုက်ရှာနေကြပင်။

Babyကိုအန္တရာယ်ကြားထဲဆွဲခေါ်မိမှာလဲကြောက်သည်။ဒါမဲ့သူ့အသက်ဘေးမှမလွတ်ရင်တောင်Babyကိုရအောင်ကယ်မှာပင် ။အထိအခိုက်တစ်ခုလေးတောင်အဖြစ်မခံနိုင်ပေ။

°°My Lovely Daisy°° (NETJAMES)Where stories live. Discover now