"သားကဒီနှစ် အထက်တန်းနောက်ဆုံးနှစ်မလား"
"ဟုတ်ပါတယ်"
"ဪ..ယောရွန်းလေးနဲ့တူတူပဲကို။ အန်တီကမေ့နေတာ"
ဝိုင်းထဲတွင် ထိုင်နေသည့်အမျိုးသမီးတစ်ယောက်က ထိုကောင်လေးကို စကားလှမ်းပြောလိုက်သည်။
သူမတို့စကားဝိုင်း အဆုံးသတ်ပြီးသည့်နောက်တွင် သူ့ကိုတယောထိုးပေးဖို့ လာငှားရမ်းသည့် သူကစကားဆိုလာသည်။"ကျန်းဟာအိုက တယောထိုးတာတကယ်တော်တာပဲနော်"
"ကျွန်တော် ငယ်ငယ်တည်းက လေ့ကျင့်ခဲ့တာကြောင့်ထင်ပါတယ်"
"ဘာပဲဖြစ်ဖြစ် ဒီပွဲကိုလက်ခံပေးလို့ ဦးလေးကကျေးဇူးတင်ပါတယ်"
"ရပါတယ်၊ ကျွန်တော်လည်း အလကားလက်ခံပေးရတာမှမဟုတ်ဘဲ"
"ဖေဖေ ကျွန်တော်ဂိုက်ဆရာလိုတယ်ပြောထားတာလေ... အဲ့ဒါဒီဘက်ကတစ်ယောက်ကို အကူအညီတောင်းကြည့်ပါလား"
သူတို့စကားဝိုင်းထဲ ဖြတ်ပြောလာသည့် ဘေးကလူ၏စကားကြောင့် ကျန်းဟာအိုမှာ ကြောင်အစွာပြန်ကြည့်မိသည်။
သူ့ကိုကြည့်မှန်းသိသည့် ထိုလူက ကျန်းဟာအိုကို တိတိပပပြုံးပြလာသည်။"ကျွန်တော့်ကိုပြောတာဆိုရင်တော့ ငြင်းပါရစေ။ တစ်ပတ်မှာ ၆ရက်လောက်က အချိန်ပိုင်းအလုပ်ရော၊ စာသင်တာရောနဲ့ ပြည့်နေလို့။ ဒီနေ့ကိုတောင် ပိတ်ရက်နဲ့တိုက်သွားလို့ လက်ခံပေးဖြစ်တာ"
"ကဲ သားရေ ကြားတဲ့အတိုင်းပဲ၊ ကျန်းဟာအိုကမအားဘူးတဲ့"
"အဲ့အလုပ်တွေမရှိတော့ရင် ဟောင့်ကောကအားသွားမှာလား"
ဒီလူ အဆီအငေါ်မတည့်သည့် စကားကို ဘယ်လိုများပြောထွက်ရတာလဲ ဟု ကျန်းဟာအိုတွေးတာ မျက်မှောင်ကြုတ်လိုက်မိသည်။
ပြီးတော့ သူ့နာမည်ကိုအဖျားစွတ်ပြီး ခေါ်လိုက်ပုံက မုန်းစရာ။
ကျန်းဟာအိုနဲ့ သိတဲ့သူတွေတောင် ကျန်းဟာအို ဆိုတဲ့ နာမည်အရင်းကိုသာ ခေါ်ကြတာပင်။
သူ့ကိုစာသင်ဖို့အတွက်နဲ့ ကျန်းဟာအိုကလက်ရှိအလုပ်တွေကနေ ထွက်ပေးရမှာလား။
မသိလျှင်ဘဲ ကျန်းဟာအိုရဲ့ အဲ့အလုပ်တွေကို သူက မရှိတော့အောင် လုပ်မည့်ပုံစံနှင့်။
너를 만나 - 2
Start from the beginning