"သရုပ်ဆောင်ကရော ရွေးပြီးပြီလား"

"မရွေးရသေးဘူး ဆွေးနွေးပွဲပြီးတာနဲ့ရွေးဖို့တော့စီစဉ်ထားတယ်"

"အော်....."

"ဒါနဲ့ လင်းထက်ကိုရောမတွေ့ပါလား။
ခုနက ဝင်လာကတည်းကမတွေ့ဘူး"

ထိုအခါ လှိုင်းက အနေရခတ်သည့်ပုံစံနှင့်ရယ်ကျဲကျဲပြောလာသည်။

"ကိုလင်းက ကျွန်တော့်ကိုစိတ်ဆိုးနေတာ သူဒီနေ့ညအိမ်ပြန်မလာလောက်ဘူး"

"မင်းကလိုက်မချော့ဘူးလား မင်းမိန်းမစိတ်ဆိုးနေတာကို"

သက်ပိုင်၏စကားကိုကြားတော့ လှိုင်းကခေါင်းကိုငုံ့ကာ တိုးတိုးလေးပြောသည်။

"အမှန်တော့ ကိုသက်လာတာနဲ့
ကိုလင်းစိတ်ဆိုးပြီးထွက်သွားတာ ရှေ့ဆင့်နောက်ဆင့်ပဲရယ်။
သူအခုသွေးပူနေတုန်းမို့ နောက်တနာရီလောက်နေမှသွားချော့မလို့။သူ့ကိုခေါင်းခဏလောက်အနားပေးရအောင်....ဘာလို့ဆိုလူတွေကဒေါသထွက်နေရင် အမှားလုပ်တတ်ကြတယ်လေ။ကျွန်တော်က သူနဲ့သေချာပေါက်အဆင်ပြေနေချင်တာပေါ့ဗျာ....
ဒါပေမဲ့လည်းသူ့ကိုအချိန်ပေးဖို့လိုသေးတယ်မလား။"

လှိုင်းက လေသံအေးအေးနှင့်
သေချာစွာရှင်းပြသည်။
လှိုင်းပြောတာလည်းမှန်တော့မှန်ပါသည် ဒေါသဖြစ်နေတဲ့သူနဲ့စကားပြောသည့်အချိန် မဖြေရှင်းတတ်လျှင် ပိုဆိုးသွားရုံသာလျှင်ရှိသည်။
ဆိုရိုးတောင်ရှိသေးတာပဲမလား
ဒေါသဖြစ်နေချိန်စကားမပြောနဲ့
ဝမ်းနည်းနေတဲ့အချိန်ဆုံးဖြတ်ချက်မချနဲ့
ပျော်ရွှင်နေချိန်မှာကတိမပေးပါနဲ့တဲ့လေ။

"ဆိုတော့ မင်းက သူ့ကိုမချော့ပဲ
ဒီမှာပုံလာဆွဲနေတယ်ပေါ့"

ထိုအခါ လှိုင်းက သွားဖြူဖြူတန်းလေးများပေါ်အောင်သဘောကျစွာဖြင့်ရယ်သည်။

"ဒီပန်းချီက သူ့အတွက်လေ ကိုသက်ရဲ့။
သူ့ကိုချော့ဖို့ ...
ကိုလင်းကလေ သန်မာတယ်လို့ထင်ရပေမဲ့တကယ်တမ်းကျ ကျွန်တော့်သူ့ကိုမချော့ရင်သူကဝမ်းနည်းတတ်တယ်ဗျ။
ကျွန်တော်နဲ့ပတ်သတ်ရင်ထိလွယ်ရှလွယ်တဲ့လူသား။"

In Love With An Old Mafia(Complete)Where stories live. Discover now