[ Zawgyi ]

171 5 0
                                    

အခန်း ( ၄၀ )

ဂတ်စ်မီးဖိုပေါ်မှ ပွက်ပွက်ဆူနေသော ဆီထဲပစ်ထည့်လိုက်သည့် ပုဇွန်လုံးများက တရှဲရှဲအသံပြု
ရင်း အနံ့မွှေးမွှေးတို့ သင်းပျံ့လာသည်။ ရာသီဥ
တုက ပူသည့်အပြင် မီးအပူကပါဟပ်နေသဖြင့်
‌တိုးတိုးတစ်ကိုယ်လုံးလောင်မြိုက်နေကာ မျက်
နှာတွင်လည်း မိမိချွေးလား၊ အငွေ့ရိုက်ခံထားရ
သည်လား မသဲကွဲသော ရေစက်ရေပေါက်ကလေးများ တွဲခိုနေသည်။ အာရုံစူးစိုက်နေသည်
မှာ တင်းတင်းကျုံ့ထားသော မျက်ခုံးနှစ်ခုကသက်သေဖြစ်သည်။

အလုပ်ခဏ နားချိန် တိုးတိုး ရေခဲသေတ္တာထဲမှ
ရေခဲရေတစ်ဘူးကို အငမ်းမရမော့ချလိုက်သည်။
ပိုတဲ့ပုဇွန်ထုတ်တွေ သူ့ကိုပေးလိုက်တာ ဘုန်းခန့်
ဆီယူသွားပြီး ခရုဆီလေးနှင့် ကြော်ကျွေးရမည်။
ဘုန်းခန့်က ပုဇွန်ကြိုက်သည်ကို သူမှတ်မိ၏။
သို့သော် တစ်နေ့က ကိစ္စတစ်ခုအား ပြန်တွေးမိချိန်မှာတော့ စိတ်ထဲတစ်မျိုး ထင့်နေ၏။

ထိုနေ့ညနေက သူတို့ခြံထဲက ထွက်လာသည့်
အန်တီမြခက်။ သူနှင့်ပက်ပင်းတိုးတော့ အပေါ်
ယံပြုံးပြသည်၊ တိုးတိုးကသာ အတွေးတွေနှင့်
ကျန်ခဲ့၏။ တိုးတိုးနှင့်ဘုန်းခန့်၏ ဆက်ဆံရေး
ကိုသိပြီးကတည်းက အန်တီမြခက်က သူတို့အိမ်
နှင့် ဆက်ဆံရေးကျဲသွားတာ ဖြစ်သည်။ သူ့ကို
ပြန်ဆပ်ရမည့် ပိုက်ဆံကို တိုးတိုးက တစ်လတစ်
ကြိမ် သွားပေးသော်လည်း သူနှင့် တွေ့ချင်မှလည်း တွေ့သည်။ အခုမှ အိမ်ထဲက ထွက်လာ
တာ ဘာသဘောကို ဆိုလိုမှန်း တိုးတိုးတကယ်
မသိချေ။

သူ အတွေးလွန်နေစဉ် ကိုမိုးဝေက သူ့ဘက်ကို
လျှောက်လာတော့ တိုးတိုး ရေခဲရေဘူးကို ပြန်
ထားကာ ပန်းကန်ဆေးရန် လုပ်တော့သည်။
သို့သော် ကိုမိုးဝေက သူ့ပုခုံးကိုပုတ်ကာ နောက်
မှ လုပ်ရန်နှင့် သူ့အခန်းထဲ ခဏဝင်နားရန်ခေါ်
သည်။ သို့သော် သူတို့ တံခါးပိတ်မထား၊ kitchen က ကြည့်လျှင် လှမ်းမြင်နိုင်စေရန်
တံခါးဖွင့်ထားလေသည်။

" ဒီမှာ ပင်ပန်းလား.."

တိုးတိုး မျက် နှာကို တစ်သျှူးနှင့်သုတ်လိုက်ရင်း
ပြေပြလေး ပြုံးလိုက်သည်။

ရေစင်အေးအေး နေခြည်နွေးနွေးTahanan ng mga kuwento. Tumuklas ngayon