Nayy has something to say

5.6K 150 2
                                    


ရေစင်အေးအေးကို စိတ်ကူးလေးနည်းနည်း
ပေါ်မိတာနဲ့ စရေးဖြစ်ခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ သူက Slice of Life genre
ဖြစ်ပါတယ်။ Slice of Life  genreဆိုတာ
သာမာန်လူတွေရဲ့ နေထိုင်မှုဘဝကနေ
ဖြစ်ပေါ်လာတတ်တဲ့ ဇာတ်ကြောင်းတွေကို
အဓိက သရုပ်ဖော်ပြသတာမျိုး ဖြစ်ပါတယ်။

အဓိကဇာတ်ကောင်ကတော့ တိုးတိုးဖြစ်ပြီး
တိုးတိုးရဲ့ ဘဝတစ်လျှောက်တွေ့ကြုံဖြေရှင်း
ရမယ့် အချစ်ရေး၊ မိသားစုရေး၊ ပညာရေးတွေ
ကို ရိုမန့်စ် ပါးပါးလေးနဲ့ တွဲပြီးရေးထားတာဖြစ်
ပါတယ်။

ဒီဇာတ်လမ်းလေးကို ဖတ်မယ်ဆိုရင် အရင်ဆုံး
စိတ်အေး‌ လက်အေး ရှိတဲ့အချိန်ကျမှ ဖတ်စေ
ချင်ပါတယ်။ ကိုယ်က လိုချင်နေတဲ့အရသာက
သက်သက်၊ အဲ့အချိန်မှာ ကိုယ်ဖတ်လိုက်တဲ့စာ
က genre သက်သက် ဆိုရင် ရေစင်အေးအေး
က စာဖတ်သူတွေကို စိတ်ကျေနပ်စေမှာမဟုတ်
ပါဘူး။ ဒါလေးတစ်ခုတော့ မေတ္တာရပ်ခံပါရစေ။

အရင်ကတည်းက slow burn တွေက စိတ်ရှည်
ရတဲ့အမျိုးအစားမို့လို့ တကယ်အချိန်ပေးပြီး
စိတ်အေးသက်သာ ဖြစ်နေတဲ့အချိန်မှဖတ်ဖို့
အသိပေးပါရစေ။ အဲ့လိုဆိုပြီး မဖတ်ဘဲလည်း
မနေပါနဲ့ဦး။ အစကတည်းက ဒီလို ပိတ်ပြော
လို့ ထွက်ပြေးကုန်ဦးမယ်။ ဖတ်ကြည့်ပါ။
ဖတ်လို့ကောင်းပါတယ်။






♡⁠˖⁠꒰⁠ᵕ⁠༚⁠ᵕ⁠⑅⁠꒱
brandnew_nayy

ရေစင်အေးအေး နေခြည်နွေးနွေးWhere stories live. Discover now