[ Zawgyi ]

265 13 3
                                    

အခန်း ( ၁၄ )

တိုးတိုးကို မေမေ ငြိမ်ငြိမ်ပေးမနေတော့သော
နေ့မှစ၍ တိုးတိုး၏အလုပ်မှာ မေမေဈေးသွား
သည့်နောက် လိုက်ရခြင်း၊ ဟင်းချက်သည့်အခါ
ကူရခြင်းများအပြင် ခြံထဲမှ အပင်များကို ဂရု
စိုက်ရသည့် အလုပ်တစ်ခုလည်း တိုးလာပေသည်။ တိုးတိုးတို့ ခြံသည် မူလက အလျားအနံ
ကျယ်ဝန်းသော်လည်း တစ်ခြမ်းရောင်းလိုက်ရ
၍ မျက်နှာစာက ကျဉ်းမြောင်းသွားပြီး အလျား
ရှည်သည်။ အိမ်ကို အနောက်ဆုတ်၍ ဆောက်
လိုက်သောအခါ အိမ်ရှေ့က အတော်အတန်ကျယ်ဝန်းသော မြေကွက်လပ် တစ်ခုဖြစ်လာ
သည်။ မေမေက လိုင်းများချကာ အပင်များကို
အစီအစဉ်လိုက်စိုက်သည်။ ငွေပန်းပင်ရုံကြီးက
တိုးတိုး အရပ်လောက်ရှိသည်။ ထို့နောက် ရွက်လှ
ပန်းပင် အမျိုးမျိုး၊ အောင်သပြေပင်များနှင့် သီးပင် စားပင် အနည်းငယ်လည်းရှိသည်။

တိုးတိုး အိမ်ဘေးက ရေပိုက်ခေါင်းထဲ ရေနှစ်ပုံး
ထည့်ကာ အပင်များကို ရေလိုက်ဖြန်းနေသည်။
ဘောင်းဘီ‌ရှည်ကို ဒူးခေါင်းအထိ ခေါက်တင်
ထားပြီး ဖေဖေနှင့်တူသည် သွေးကြောထင်း
သော ခြေဖမိုးသွယ်သွယ်တို့တွင် သဲများကပ်
နေတော့သည်။ နောက်နေ့တော့ မေမေ့ကို ပိုက်
တစ်ခွေလောက်ဝယ်ခိုင်းရန် စဉ်းစားမိတော့
သည်။

တိုးတိုး ပန်းပင်တွေကြားထဲ တကုတ်ကုတ်လုပ်
နေတုန်း မေမေက အိမ်ပေါ်မှ ဆင်းလာသည်။

"မေမေ ဘယ်သွားမလို့လဲ"

"ဟိုဘက်အိမ် ခဏ"

မေမေက ခြေရင်းအိမ်ကို လက်ညှိုးထိုးကာပြောသည်။ ထိုအိမ်က တိုးတိုးတို့ခြံကို ပြန်ဝယ်
၍ ဆောက်ထားတာဖြစ်ပြီး ဝယ်သူများကလည်း
တိုးတိုး မူလတန်းက အတန်းဖော်၏ အမေဖြစ်
နေတော့ မေမေနှင့်သိကြသည်ဟု ဆိုနိုင်သည်။
ထိုအန်တီ့ အမျိုးသားက ဂျပန်မှာ အလုပ်သွား
လုပ်နေသည် ဖြစ်ရာ သားနှစ်ယောက်နှင့် တစ်
ကိုယ်တည်းနေရသဖြင့် တိုးတိုးတို့အိမ်ကိုခဏ
တိုင်းလာလည်တတ်ပေသည်။

တိုးတိုး ခေါင်းညှိမ့်ပြလိုက်ကာ သူ့အလုပ်သူ
ဆက်လုပ်ရန် ရွယ်လိုက်စဉ်..

"ဪ.. တိုးတိုးရေ နင့်သူငယ်ချင်းလာတယ်"

တိုးတိုး ခေါင်းကို ဆက်ခနဲပြန်ထောင်လိုက်တော့
အပြုံးစစနှင့် နှုတ်ဆက်လာသည့် မြတ်ဘုန်းခန့်။
ရှပ်ကော်လာ လက်တိုနှင့် ပုဆိုးအကွက်စိတ်ကို
ဝတ်ထားသည်။ မျက် မှန်အောက်က မျက်လုံး
များသည် ပြုံးလိုက်သည့်အခါ အမြဲတစေကွေး
ညွတ်နေတတ်သည်။

ရေစင်အေးအေး နေခြည်နွေးနွေးOpowieści tętniące życiem. Odkryj je teraz