အပိုင်းခြောက်

Start from the beginning
                                    

*သား နိုင်ငံရေးတွေစိတ်မဝင်စားဘူးနော်.....*

*ဖေဖေလည်းမလုပ်ခိုင်းတော့ပါဘူး။အခုလည်းမြို့တော်ဝန်အသစ်ရွေးပြီးပြီလေ...*

*အသက်ငယ်ငယ်လေးဆို...*

*သားနဲ့ရွယ်တူဘဲ။ဒါပေမယ့် ဂျောင်ဂုကသူ့အဖေစကားကိုနားထောင်တယ်...*

ဖေဖေ့စကားအဆုံး အဲလက် သက်ပြင်းတချက်ချလိုက်သည်။သူနဲ့ရွယ်တူဆိုပေမယ့် သူ့ထက်ပိုပြီးထက်မြတ်နေတာကို ဖေဖေကကြုံရင်ကြုံသလို နှိုင်းယှဉ်တက်သည်။သူနဲ့ဖေဖေ မတည့်တာလည်းဒါတွေကြောင့်ဘဲ။

*နောက်ဆုံးတော့ ဒီဘူတာကိုဘဲဆိုက်တာဘဲ။သားတို့မှာရွေးချယ်ခွင့်တောင်မရှိတော့ဘူးလား။ဖေဖေတို့မျိုးရိုးစဉ်ဆက်ချမှတ်လာတဲ့ နည်းလမ်းကအရမ်းရိုးလွန်းတယ်။သားတို့လူငယ်‌ေတွမှာလည်း စိတ်ကူးအိမ်မက်တွေရှိပါတယ်..*

*ဖေဖေတို့ဖြစ်ချင်တာကိုဘဲ ဘာလို့ရှေ့တန်းတင်နေတာလဲ...!တကယ်ဘဲ..စိတ်ညစ်ဖို့ကောင်းတယ်..*

အဲလက်ကသောက်လက်စကော်ဖီခွက်ကို ခပ်ကြမ်းကြမ်းလေးဆောင့်ချလိုက်ပြီး မနားတမ်းစကားတွေဆိုကာ ထထွက်သွားတော့သည် ။ကျန်ခဲ့တဲ့ မြို့တော်ဝန်ဟောင်းသည်လည်း ဘာမှပြောမထွက်တော့ဘဲ ပါးစပ်အဟောင်းသားဖြင့်ကျန်ခဲ့တော့သည်။

မိဘကကောင်းစေချင်လို့အမြင့်ကိုတွန်းပို့တာကို မနေချင်လို့ခုန်ချတော့လည်း သဘောအတိုင်းဘဲပေါ့။နောက်မှသိလိမ့်မယ်၊လောကမှာ ပညာတက်ရုံနဲ့လူရာမဝင်ဘူးဆိုတာ။

*ဘာတွေစိတ်ညစ်စရာရှိလို့လဲ အဲလက်....*

*ဒီလိုပါဘဲ...*

*ဒါနဲ့ နင်ရော ကျောင်းပြီးသွားပြီဆိုတော့ ဘာဆက်လုပ်ဖို့စိတ်ကူးထားလဲ....*

*ငါကလား..အင်း...ငါက ဖေဖေ့သဘောအတိုင်းဘဲပေါ့။ငြင်းဆန်ခွင့်မှမရှိတာ....*

*လူကြီးတွေကလွန်လွန်းအားကြီးတယ်...*

မကြာသေးခင်ကမှပညာတော်သင်ပြီးပြန်လာတဲ့ ‌ဂရေ့စ် နဲ့အဲလက်တို့က မိဘချင်းရင်းနှီးကြရာကတဆင့် ခင်မင်သွားကြတယ်လို့ဆိုရမလား။အသက်မတူပေမယ့် ဂရေ့စ်ကို ညီမအရင်းတယောက်လိုချင်ခင်သည်။

ကတိ(Completed)Where stories live. Discover now