U/ Z အခန်း၁၅ အခန္း၁၅

Start from the beginning
                                    

စက်လှေပေါ်ရောက်တဲ့အထိ တရှုံ့ရှုံ့ငိုနေသည့် သူမကို ဘုန်းမြတ်ပခုံးမှသိုင်းဖက်ထားလိုက်သည်။

"ချစ်တယ်..." "ချစ်တယ်...."

သူတို့မော်တော်ပေါ်ရောက်တဲ့အချိန်မှာ လိပ်ပြာဖြူ ဗမာစကားသင်ပေးထားတဲ့ကလေးတွေဟာ လက်ကိုအသဲပုံသဏ္ဍန်လေးလုပ်ပြီး နှုတ်ဆက်လာကြသည်။

မီးပုံပွဲမှာ ခင်မင်ရင်းနှီးမှုရခဲ့တာကြောင့် တစ်ရွာလုံးနီးပါးက သောင်ပြင်ပေါ်မှာရောက်နေကြပြီး သူတို့ရဲ့ စက်လှေကိုလာရောက်ဝိုင်းအုံကြည့်နေကြသည်။

စက်လှေ‌ပေါ်မှာလည်း လက်ဆောင်ထုပ်တွေဆိုတာမနည်းမနောပါပဲ။
စက်လှေမထွက်ခင်အထိ မီးပုံပွဲမှာခင်ခဲ့တဲ့ ဆလုံနဲ့ ကရင်အဒေါ်ကြီးတွေဟာ တစ်ယောက်ပြီးတစ်ယောက် လိပ်ပြာကို လာနမ်းရှုံ့ကြသည်။
လိပ်ပြာလည်း တစ်နေ့နဲ့တစ်ညနေခဲ့ရပေမဲ့ စိတ်ထဲမှာ ဆွေမျိုးရင်းချာတွေလို သံယောဇဉ်တွယ်နေမိသည်။

"တာ့တာ..."

"တာ့တာ..."

စက်လှေကလေးဟာ ရေအလျှင်အတိုင်းထွက်သွားစဉ်မှာတော့ ကမ်းပေါ်မှာရှိနေကြတဲ့လူတွေဟာလည်း လက်ပြနှုတ်ဆက်နေကြသလို လိပ်ပြာနဲ့ကိုဘုန်းမြတ်ကလည်း ပြန်၍လက်ပြနှုတ်ဆက်မိကြသည်။

ကမ်းစပ်မှဆလုံမိသားစုများရဲ့ အိမ်ဟုခေါ်တွင်သော သစ်ထွင်းလှေကြီးများဟာလည်း အရိပ်သဖွယ်သာကျန်ရစ်ခဲ့ပါတော့တယ်။
ကံကြမ္မာဟာ တစ်ပတ်လည်ပြီး ဒီကျွန်းလေးကိုအမှတ်မထင်ရောက်ခဲ့ရပေမဲ့ အမှတ်တရတွေများစွာ ကျန်ရစ်ခဲ့ရပါတယ်။

စက်လှေပေါ်မှာ သူနဲ့လိပ်ပြာက မျက်နှာချင်းဆိုင်ထိုင်နေကြခြင်းဖြစ်တာကြောင့် ကိုဘုန်းမြတ်ရဲ့မျက်နှာမှ၀မ်းနည်းမှုအရိပ်တွေကိုလည်း လိပ်ပြာတွေ့နေရသည်။

"ခုဏက..ကမ်းစပ်မှာ လူတွေအများကြီးလာနှုတ်ဆက်နေတဲ့ပုံနဲ့ မီးပုံပွဲညကပုံကို ပန်းချီဆွဲပေးပါလား..."

တိုးညှင်းစွာထွက်ပေါ်လာတဲ့ သူမရဲ့အသံလေးကြောင့် မော့ကြည့်လိုက်မိတော့ သူ့ရဲ့အဖြေကိုစောင့်ဆိုင်းနေဟန်လေးနဲ့ သူမကြည့်လာသည်။

ချစ်လိပ်ပြာလေး တဝဲလည်လည်Where stories live. Discover now