📖 Unicode Version 📖
နေ့တစ်နေ့ရဲ့ မနက်ခင်းကို ကျေးငှက်လေးများက သီချင်း သီဆိုရင်း ကြိုဆိုကြသည်။ကျေးငှက်လေးများ၏ အသံနှင့်အတူ နေဝန်းနီတစ်ယောက် နိုးထလာသည်။
နေမကောင်းသည့်အတွက် အပျင်းကြောကို အားရပါးရ မဆန့်နိုင်ပေ။အိပ်ယာနိုးပေမယ့်လည်း မျက်လုံးကို မဖွင့်သေးဘဲ အခန်းတွင်းသို့ တိုက်ခတ်လာသည့် လေပြေလေးကို ရူနေသည်။
ထိုစဥ် ပြတင်းမှဝင်လာသည့် လေနုအေးအေးလေးနှင့် ရောက်ယှက်၍ ပါလာသည့် ပန်းရနံ့မွှေးမွှေးလေးက သူ၏ နှာခေါင်းဝမှ တဆင့် နှာခေါင်းအတွင်းသို့ ချည်နှင်းဝင်ရောင်လာသည် ။
ထို့ပန်းရနံ့လေးမှာ ခြံထဲရှိ ပန်းပင်လေးများမှ ရနံ့မဟုတ်ဘဲ နေဝန်းနီ၏ ရင်ခွင်ထဲ၌ နှစ်ချိုက်စွာအိပ်ပျော်နေသည့် သက်လျာ၏ ဆံနွယ်လေးများမှ သင်းရနံ့ဖြစ်သည်။
လေပြေနုနုလေးမှာ နောက်ထပ်တဖန် အခန်းတွင်းသို့ အနည်းငယ် အားကောင်းစွာ ဝင်လာပြန်သည်။သက်လျာ၏ ဆံနွယ်လေးများမှာ လေပြေသယ်ဆောင်ရာသို့ လိုက်ပါကာ နေဝန်းနီ၏ မေးစေ့နှင့်နှုတ်ခမ်း တစ်ဝိုက်အား ပွတ်သပ်မိသွားသည်။
ထိုစဥ်မှ နေဝန်းနီ သူ၏ ရင်ခွင်ထဲတွင်
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် သက်လျာကို သတိထားမိကာ အလန့်တကြားဖြစ်သွားသည်။
သို့ပေမယ့် သက်လျာ၏ အိပ်နေသော မျက်နှာလေးက နေဝန်းနီ၏ အလန့်တကြား ဖြစ်လာသည်စိတ်အာရုံကို ပယ်ပျက်လိုက်သည်။
ချစ်စရာကောင်းပီး အပစ်ကင်းတဲ့ မျက်နှာမျိုးကို ပိုင်ဆိုင်ထားသည့် သက်လျာ၏ မျက်နှာလေးကို ငေးကြည်လိုက်ကာ ညတုန်းက သက်ထွန်းနှင့်ပြောခဲ့သည့်စကားများကို ပြန်သတိရလာသည်။
....................📖......................
နေလည်စာ စားပီးသည်မှစ၍ ရုံးခန်းထဲသို့ ပြန်ဝင်ကာ လုပ်လက်စ အလုပ်များကို အပြီးသတ်နေသည်။
အရင်ရက်များတွင် နေလည်စာ စားပီးသည်နှင့် ရုံးခန်းအောက်ရှိ စားသောက်ဆိုင်၌ Juice သောက်လေ့ရှိကာ နေ့လည် (၁) နာရီလောက်မှ ရုံးခန်းထဲသို့ပြန်ဝင်ကာ အလုပ်ကိုဆက်လုပ်လေ့ရှိသည်။
YOU ARE READING
Dancer of Saturn
Romance"ကျွန်တော် သူ၏ထံပါး၌ ကျွန် တစ်ယောက်အဖြစ် အလုပ်အကျွေးပြုစုခဲ့သည်မှာ ဒီနေ့ဆိုရင် (၁၀)နှစ်တိတိ ပြည့်ခဲ့ပီ။အကြိမ်ကြိမ်ရုန်းထွက်ဖို့ ကြိုးစားခဲ့ပေမယ့် သူ့ကိုမှ အရမ်းချစ်မိနေသော ကျွန်တော်၏ နှလုံးသားတစ်စုံကြောင့် ကြိုးစားခဲ့သည့် အကြိမ်တိုင်း ရှုံးနိမ့်ခဲ့ရ...
