Part (5) Unicode + Zawgyi

3.4K 89 11
                                        

📖Unicode📖

"မိဘမရှိ၊မောင်နှမ မရှိ၊ဆွေမျိုးသားချင်း ဆိုတာလည်းမရှိဘဲ ဒုက္ခရောက်တော့မယ့် ငါ့ရှေ့ကို ဗြုန်းစားကြီး ရောက်ရှိလာတဲ့ မြင့်မိုရ်တောင်ကြီး အခုတော့ ပြိုလဲတော့မှာလား...
ပြိုလဲလို့ မဖြစ်ဘူး။
သက်လျာဆီကို ဒုတိယအကြိမ်နှင့်နောက်ဆုံး အကြိမ်အဖြစ် ပြန်လာပေးပါ ဦးရယ်
သက်လျာ တောင်းပန်ပါတယ်"

အတွေးအာရုံထဲမှာ သက်လျာတစ်ယောက် စကားတွေပြောနေသည်။သက်လျာ၏ စကားများကို ဦးမြတ်ဇေယျာတစ်ယောက် မကြားနိုင်တော့ပေ။သက်လျာ၏ ပျားသကာကဲ့သို့ ချိုပီး၊သာယာသော ချွဲပီး ပြောတဲ့ အသံလေးကို ဦးမြတ်ဇေယျာ နောက်ထပ်တစ်ဖန်ကြားနိုင်ဖို့ ကံတရားကြီးက အခွင့်အရေးမပေးခဲ့ပေ။ထိုနည်းတူ "သက်လျာကို ဦးမြတ်ဇေယျာ တကယ်တမ်း စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတရားတွေနဲ့ ချစ်ခဲ့ကြောင်း" လည်း ဖွင့်မပြောနိုင်ခဲ့ပေ။

*******************************
စိုးရိမ်စိတ်တွေ ပြည့်နှက်နေတဲ့ သက်လျာအတွက် ဆေးရုံသို့ သွားသည့်ကား၏ မောင်းနှုန်းသည် နှေးသည်ထက်နှေးလာသည်ဟု ထင်မှတ်လာခဲ့သည်။စိတ်ထဲမှာလည်း ဆေးရုံသို့ မြန်မြန် ရောက်အောင် ဆုတောင်းနေမိသည်။

ဆေးရုံရှေ့တွင် ဦးကောင်းမြက အစဥ်သင့်ထွက်စောင့်နေသည်။ဆေးရုံရှေ့ရောက်ရောက်ချင်း ကားတံခါးကို ဖွင့်ကာ

"ဦးကောင်းမြ ဦးရော"

"အရေးပေါ်ခန်းထဲမှာ သက်လျာလေး"

ဟု ပြောကာ ဦးကောင်းမြ ခေါ်ရာကို သက်လျာ လျှင်လျှင်မြန်မြန်လိုက်သွားသည်။

Operating Room ရှေ့တွင် နေဝန်းနီ တစ်ယောက် ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ Operating Room ထဲကို လှည့်၍ လှည့်ကာကြည့်နေသည်ကို သက်လျာမြင်လိုက်သည်။
သက်လျာ ခုံတန်းလျားလေးပေါ်မှာ ဝင်ထိုင်လိုက်ကာ လက်အုပ်လေးချီကာ ဆုတောင်းနေမိသည်။ထိုစဥ် Operating Room ထဲက ဆရာဝန်တစ်ယောက်ထွက်လာသည်။သက်လျာ ထ၍ သွားပီး မေးမည်ပြုသည်။သို့ပေမယ့် နေဝန်းနီက အရင်ဦးစွာမေးလိုက်သည်။

"ဒေါက်တာ ဖေဖေအခြေအနေလေးသိပါရစေ"

"အခြေအနေကတော့ ဦးတို့လည်း အစွမ်းကုန်ကြိုးစား ခဲ့ပေမယ့် ဘယ်လိုမှ မတက်နိုင်ဘူး သား"

Dancer of Saturn Where stories live. Discover now