107. မိုက်မဲသော အစီအစဉ်

Start from the beginning
                                    

သူမသည် ထိတ်လန့်တကြားဖြစ်လာသည်နှင့်အမျှ သူမ၏ချောမွတ်သော နဖူးမှ အေးစက်သော ချွေးများ ထွက်ကျလာသည် ၊ သူ့သခင်မလေးက ဘယ်လိုလုပ် ရုတ်တရတ် ပျောက်ကွယ်သွားရတာလဲ ၊ သူ့သခင်မလေးက မတော်တဆမှုတစ်ခုခုနဲ့ ကြုံခဲ့သလား? ???? 

မူလက သူမသည် ဝှက်ထားသော ထောင်ချောက်တံခါး ၊ ဒါမှမဟုတ် ကောင်းမွန်စွာ ပုန်းအောင်းရာနေရာရှိမည်ဟု ယုံကြည်ခဲ့သော်လည်း ယခုအချိန်တွင် ထိုသို့ပုန်းအောင့်နိုင်မည့်နေရာများ မရှိပေ ။  ဒီလူတွေအားလုံး ထွက်ပေါ်လာတဲ့အချိန်မှာ သူ့သခင်မလေးက ဘာလို့ မပေါ်လာပဲ ပျောက်ကွယ်သွားရသလဲ ။

သခင်မလေး ဒုက္ခတွေနဲ့ တကယ်ကို ကြုံတွေ့နေပြီလား??????

မိုလန်က ဘာဖြစ်လာနိုင်လဲဟု တွေးကာ ထိတ်လန့်တကြား ဖြစ်သွားသည်။  ပုံမှန်အားဖြင့် တည်ငြိမ်နေသော်လည်း သူမသည် ဆယ်ကျော်သက်အရွယ်သာရှိသေး၏။ သူမသည် တုန်တုန်ယင်ယင်ဖြင့် အသံတိုးတိုးလေးဖြင့် "သခင်မလေး၊ သခင်မလေး "ဟု အော်ခေါ်လေသည် ။

"မိုလန်... ငါဒီမှာ။" 

မိုလန်က ဗုဒ္ဓရုပ်ပွားတော်တွေကို တွန်းနေတုန်း ချောင်းဆိုးသံနဲ့အတူ ပျော့ညံ့တဲ့အသံ ထွက်ပေါ်လာတယ်။  သူမ မို့ရွှီတုန်း၏အသံကိုကြားလိုက်ရသောအခါ သူမ အံ့အားသင့်ကာ လှည့်ကြည့်လိုက်သည်။ 

အမှန်ပင်၊ သူမသည် ခန်းမဆောင်ရှိ တိုင်ဘေးတွင် မတ်တတ်ရပ်နေသော မို့ရွှီတုန်းကို မြင်လိုက်ရပြီး မို့ရွှီတုန်း၏ မျက်နှာမှာ လုံးဝ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။  သူမ ပြုံးနေသော်လည်း နှုတ်ခမ်းများက တုန်ယင်နေသည်။

မိုလန်အတွက် အလွတ်ကြောက်လန့်သွားစေတာက သူ့သခင်မရဲ့ အဖြူရောင်ဝတ်စုံမှာ အနီရောင်သွေးတွေ စွန်းထင်းနေတာပါပဲ။ 

"ကျုပ်ရဲ့ သခင်မလေး "  မိုလန်သည် ထိတ်လန့်တကြား ပြေးသွားပြီး မိုရွှီတုန်းကို တွဲထားလိုက်သည် ။

ဖြစ်ပျက်ခဲ့တာကို သူမ သိလိုစိတ်ပြင်းပြခဲ့နေသော်လည်း မို့ရွီတုန်းက သူမကို ရပ်တန့်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည် ။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now