Part 5 (unicode)

438 20 0
                                    

ဒီနေ့က ရိပေါ်အတွက် အရေးကြီးတဲ့နေ့တစ်နေ့ဖြစ်သလို တစ်သက်တာအတွက် မေ့မရနိုင်မဲ့နေ့ဆိုရင်လည်းမမှားပါ။ဘာဖြစ်လို့လဲဆိုတော့ အမဲလိုက်တောမှာ Million နဲ့ချီတဲ့ ပစ္စည်းအရောင်းအ၀ယ်ကိစ္စရှိတာရယ်နဲ့ ပြီးတော့ ဒီနေ့ပြီးတာနဲ့ ရိပေါ် ဒီလောကထဲကနေထွက်ခွာတော့မဲ့နေ့လည်းဖြစ်သည်။ ဒီတစ်ခေါက်မှာတော့ ရိပေါ်တို့က တစ်ဖက်အဖွဲ့ကို ပစ္စည်းပို့ပေးရုံသာဖြစ်ပြီးတော့ ထိုအဖွဲ့က ဆက်လက်ပြီးတော့ နယ်စပ်ဂိတ်အထိ ပစ္စည်းပို့ပေးရမှာဖြစ်သည်။

Black suit ၀တ်ဆင်ထားတဲ့ ရိပေါ်က Leather shoes ကို ထိုင်ခုံပေါ်မှာထိုင်ကာ ၀တ်ဆင်လိုက်ပြီး ဟန်ချက်ညီညီဖြင့် အိမ်တော်ထဲကနေထွက်လာလိုက်သည်။

"ငါ့ရဲ့နောက်ဆုံးအလုပ်အတွက် ဘာအမှားအယွင်းမှမရှိချင်ဘူး"

ရိပေါ်ပြောတော့ ယွီပင်းက သူ့သူဌေးကို နှမျောသလို စိတ်မကောင်းသည့်မျက်နှာဖြင့်ကြည့်သည်။

"ဘောစ့် တကယ်ပဲကျွန်တော်တို့ကို ထားခဲ့တော့မှာပေါ့ ဒီအိမ် ဒီပိုင်ဆိုင်မှုတွေ ဒီလူတွေကို လုံး၀လှည့်မကြည့်ပဲနဲ့လေ"

ယွီပင်းရဲ့အသံအဆုံး ရှိသမျှ လူတွေအားလုံး အိမ်တော်ရှေ့မှာရပ်နေသည့် ရိပေါ်ဆီသို့အမြန်ရောက်လာကြပြီး ယွီပင်းရဲ့အနောက်ဘက်ဆီကနေ လက်ကို X ပုံသဏ္ဌာန်ယှက်လိုက်ကာ လာရပ်ကြသည်။ ယွီပင်းနောက်က များပြားလှတဲ့ သူ့အဖွဲ့သားတွေကိုကြည့်ပြီး ရိပေါ်စိတ်ထဲလည်းမကောင်းပေ။ ငယ်ငယ်ကတည်းက သူ့လက်အောက်မှာ သစ္စာရှိရှိ အလုပ်လုပ်ခဲ့ကြတဲ့ကလေးတွေဆိုတော့ ရိပေါ်သူတို့ကို သံယောဇဉ်မရှိဘူးလို့ပြောရင် လိမ်ရာကျပါမည်။သို့ပေမယ့်လည်း ချစ်ရသူမနှစ်သက်သည့်အလုပ်ကို ထပ်မလုပ်ချင်တော့တာကြောင့် ဒီလောကထဲကနေသူထွက်တာဖြစ်တယ်။

"မင်းတို့အားလူံး ယောကျာ်းတွေမဟုတ်ဘူးလား ဘာလို့ဒီလိုမျိုး ၀မ်းနည်းနေကြတာလဲ အခုငါအားလုံးကိုလွတ်လပ်ခွင့်ပေးလိုက်ပြီလေ မပျော်ကြဘူးလားဟ"

"ဘောစ့်...!!!!!"

သူမေးတာကိုမဖြေဘဲ ပေကပ်ပြီးရပ်နေကြတဲ့သူတွေကြောင့် ရိပေါ်စိတ်သိပ်မရှည်တော့ပေ။ ဒီကောင်တွေ ပေကပ်နေရတဲ့အကြောင်းအရင်းကို ရိပေါ်သိသည်။ ဒီလောကထဲကနေ သူထွက်သွားတာကိုမတားနိုင်တော့ သူနေဖြစ်မဲ့နေရာကို သိချင်နေကြတာပင်။ သူနေမဲ့နေရာကိုသိတဲ့သူက ရှောင်းကျန့်တစ်ယောက်တည်းသာရှိသည်။ ရှောင်းကျန့်သိရတာကလည်း သူတို့နှစ်ယောက်လက်ထပ်ပြီးရင် အတူတူနေမယ့်နေရာလေးဟုသာ ပြောပြထားတာကြောင့်ပေ။

My Bad Person (complete) Where stories live. Discover now