Part 1 (unicode)

2K 52 2
                                    


"နောက်ပို့မယ့်ပစ္စည်းက သုံးပတ်လောက်နေမှရမယ်လို့ ကျုပ်တို့သူဌေးက မှာလိုက်ပါတယ်"

"အဲ့တာဆိုရင် နောက်တစ်ခေါက်တွေ့ရမဲ့နေရာကို ရက်နီးမှ ငါပြန်ပြောလိုက်မယ်"

"ဟုတ်ကဲ့ပါ ဒါဆိုကျုပ်တို့‌ကို ခွင့်ပြုပါအုန်း"

"ကောင်းပြီ"

ကလပ်တစ်ခုတွင်ဖြစ်သည်။ မြန်မာနိုင်ငံရဲ့ အမှောင်လောကသခင် Mr.Wangနဲ့သူ့လက်အောက်ငယ်သားတွေက, ကလပ်တစ်ခုရဲ့ VIP roomထဲမှာ သိန်းထောင်ချီတန်တဲ့မူးယစ်ဆေးတစ်မျိုးကို တခြားအဖွဲ့တစ်ခုနဲ့ အလဲအလှယ်လုပ်နေခြင်းဖြစ်သည်။

"ဘော့စ် ဒါဆို သပတ်ခါပို့မည့်ပစ္စည်းအရေအတွက်ကိုတစ်ချက်စစ်ပြီး ကျွန်တော်ဘော့စ်ကို ပြန်ပြောပါ့မယ်"

"အမှားအယွင်းတစ်ချက်မှမရှိစေနဲ့ ပြဿနာဖြစ်တယ်ဆိုတဲ့အသံငါမကြားချင်ဘူး"

"ဟုတ်ကဲ့ ဘောစ့်"

"မင်းတို့ပြန်ချင်ရင်ပြန်ကြ ငါဒီညကဲအုန်းမယ်"

"ဘောစ့်ရဲ့အနီးအနားမှာပဲကျုပ်တို့ရှိနေပါ့မယ်"

Wang ဆိုဖာပေါ်မှာ ခပ်လျော့လျော့မှီထိုင်လိုက်ပြီး နက်တိုင်ကို လက်ဖြင့်အနည်းငယ်ဆွဲ၍ဖြေချလိုက်ကာ ခုနက လဲလှယ်ထားတဲ့ပစ္စည်း‌တွေထဲက ဆေးတစ်လုံးကိုယူလိုက်ပြီး ရှေ့ကခုံပေါ်မှာတင်ထားသည့် ဘီယာခွက်ထဲသို့ ပစ်ထည့်လိုက်သည်။
ဆေးက ဘီယာထဲမှာအရည်ပျော်သွားတဲ့အချိန်တစ်ခုလောက်အထိစောင့်ပြီး ခနကြာတော့ ဘီယာခွက်ကိုကောက်ကိုင်လိုက်ကာ အခန်းအပြင်သို့ထွက်လာလိုက်သည်။ သူထည့်လိုက်တဲ့ဆေးက စိတ်ကြွဆေးအမျိုးအစားထဲကဖြစ်ပြီး ကာမစိတ်ကိုဖြစ်ပေါ်စေတဲ့ဆေးတစ်မျိုးဖြစ်သည်။

T shirt အဖြူရောင်နဲ့ စတိုင်ပန်အနက်ရောင် ဘောင်းဘီကို ၀တ်ဆင်ထားပြီး နက်တိုင်ကိုခပ်လျော့လျော့၀တ်ဆင်ထားတဲ့သူ့ပုံစံက ရိုးရှင်းပေမယ့် သူ့ရဲ့စူးရှတဲ့မျက်၀န်းတစ်စုံနဲ့အတူ ပိရိသေသပ်တဲ့နှုတ်ခမ်းက ရုပ်လေးနဲ့မှမလိုက်အောင် တည်ကြည်လွန်းလှသည်။ ဆံပင်ကို လူငယ်ဆန်ဆန် Messy hair style ပုံသွင်းထားပြီး နှာတံသွယ်သွယ်ကအဖျားမှာခပ်လုံးလုံးလေးစင်းကျနေကာ မေးရိုးခပ်သွယ်သွယ်တို့က မြင်သူတိုင်းကို ဒူးထောက်ချရစေလောက်တဲ့အထိ စွဲဆောင်နေသည်။
Dancing floor ထဲသို့ လက်တစ်ဖက်ကိုဘောင်းဘီအိတ်ကပ်ထဲထည့်ပြီး ကျန်တစ်ဖက်ကိုဘီယာခွက်ကိုင်ကာ ခပ်မြူးမြူးလေး က,ရင်း၀င်လာလိုက်သည်။

My Bad Person (complete) Where stories live. Discover now