Part 4 (unicode)

432 20 0
                                    

ဒီရက်ပိုင်း မူးယစ်ဆေးအမှုကိစ္စအတွက် အဖွဲ့သားတွေအားလုံးကြိုးစားနေကြတာကြောင့် ရှောင်းကျန့်အပါအ၀င်အားလုံး အိမ်ပြန်တာနောက်ကျတယ်။ ရိပေါ်က အမြဲတမ်းသူ့ကိုစောင့်နေပေမယ့်လည်း အားနာလှတာကြောင့် လာမကြိုဖို့ပြောလည်း ကိုယ်တော်က တစ်ခွန်းဆိုတစ်ခွန်း ပြန်ခံပြောပါသည်။ နောက်တစ်ပတ်ဆိုရင် သူနဲ့ရိပေါ်ရဲ့ တစ်နှစ်ပြည့် Anni day လည်းရှိသေးတာကြောင့် ရှောင်းကျန့်အတွေးလွန်နေတုန်း ဘေးမှာကားမောင်းနေတဲ့မောင်က သူ့လက်ကို လာလှမ်းကိုင်တော့မှ အသိ၀င်လာသည်။

"ဘာတွေအတွေးလွန်နေတာလဲ မောင့်ကျန့်ကျန့်လေးရဲ့"

"ဒီလိုပါဘဲ ဟိုတွေးဒီတွေး,တွေးနေတာ"

"ဘာမှလျှောက်တွေးမနေနဲ့ ခေါင်းကိုက်လိမ့်မယ် မောင့်မျက်နှာကိုပဲကြည့် အမောပြေလိမ့်မယ်"

"ဟင် ဘယ်သူပြောလဲ"

"ကျန့်လေး မကြားဖူးဘူးလား 'အမေပြောတဲ့အမောပြေဆိုတာ မောင့်မျက်နှာလေးပါ' လို့လေ"

"ဟားဟား မောင်ကတော့ နောက်ပြီ"

"အတည်ပြောတာပါဆို မောင့်က Cool guy ကြီးလေ ကျန့်လေးကို အအေးဓာတ်ပေမဲ့ Cool guy "

"ဟားဟား ‌ပေါက်ကရတွေ"

ရှောင်းကျန့်ရဲ့အပြုံးကိုမြင်မှ ရိပေါ်လည်း သက်ပျင်းချနိုင်တော့သည်။ မိမိချစ်ရသူက W အဖွဲ့အစည်းအကြောင်းစုံစမ်းနေမှန်း ရိပေါ် သိနေပါသည်။ W အဖွဲ့အစည်းက လုံး၀လျှို့ဝှက်တဲ့အဖွဲ့အစည်းဖြစ်တာကြောင့်တော်ရုံတန်ရုံ ရှာဖွေမှုမျိုးနဲ့ဆို မရနိုင်ပေ။ ရိပေါ်က ဒီတစ်ခေါက်လုပ်ငန်းပြီးရင် ပိုင်ဆိုင်သမျှအားလုံးကို ယွီပင်းကိုလွှဲခဲ့ပြီး အေးချမ်းတဲ့‌နယ်‌မြို့လေးတစ်မြို့မှာ ရှောင်းကျန့်ကိုလက်ထပ်ခွင့်တောင်းပြီး နှစ်ယောက်တစ်ဘ၀တည်ထောင်တော့မည်ဟုတွေးထားသည်။

"အချစ်"

"ပြောလေ မောင်"

"မောင်ဒီရက်ပိုင်း အလုပ်ကိစ္စရှိနေသေးလို့ နယ်ဘက်ကိုသွားစရာရှိတယ် အဲ့တာကျန့်လေး အိမ်ပြန်ဖို့ကို မောင့်၀န်ထမ်းတစ်ယောက်လွှတ်လိုက်မယ် သူက ကျန့်လေးကို အကြိုအပို့လုပ်ပေးလိမ့်မယ်"

My Bad Person (complete) Where stories live. Discover now