Part 2 (unicode)

762 32 0
                                    


"ဒါနဲ့ညီလေး ဒီနားမှာ လူဆိုးတွေဘာတွေတွေ့မိသေးလားဟင်"

"ဘာလို့လဲဗျ"

*ချီး ....ငါ့ပါးစပ်က 'ဗျ'လို့ထွက်လိုက်တာလား*

ရှေ့ကလူက ‌ဟိုကြည့်ဒီကြည့်လုပ်ပြီး သူ့အနားကပ်ကာ နားရွက်နားဆီသို့ သူ့လက်နှစ်ဖက်ကို အုပ်ပြီးတိုးတိုးလေးပြောလာတဲ့စကားကြောင့် Wang ရီမိသွားသည်။ သူပြောလာတဲ့စကားက

"အကိုကရဲလေ ဒီမှာလူဆိုးတွေကို လာဖမ်းတာ" တဲ့လေ။

"အော် ...တွေ့ပြီလား"

"မတွေ့သေးဘူး အကိုလိုက်ရှာတာနှံ့နေပြီ ရှာမတွေ့ဘူး"

*လူဆိုးက အကို့ရှေ့မှာလို့တော့ သူမပြောဖြစ်လိုက်*

"ခုနကတော့ အထုတ်တွေသယ်ပြီးထွက်သွားတဲ့လူတစ်ဖွဲ့ကိုတော့တွေ့မိလိုက်တယ်"

"ဟင် ဟုတ်လား ကျေးဇူးပဲညီလေးရာ အဲ့တာဆိုအကိုသွားလိုက်အုန်းမယ်"

"ဟမ်း ခနလေးနေပါအုန်း"

ဒီအတိုင်းသွားလို့မဖြစ်ဘူးလေ။ သားကောင်ကိုစားခါနီးမှ လက်လွှတ်လိုက်ရရင် ၀မ်ရိပေါ် ရာဇ၀င်ရိုင်းသွားမှာပေါ့။

"ဘာလို့လဲညီလေးရဲ့"

ရှောင်းကျန့်က သူ့ရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ မော့ကြည့်လိုက်တော့ ရိပေါ်ရဲ့ရင်ထဲ ပလူကောင်လေးတွေ ၁၀ကောင်လောက် ပျံသန်းသွားသည်။

"အကို့နာမည်ဘယ်လိုခေါ်လဲ"

"အာ...ဟုတ်သား မိတ်ဆက်ဖို့မေ့နေတာ အကို့နာမည်က ရှောင်ရှောင်းကျန့်ပါ ဒီကညီလေးကရော"

"၀မ်ရိပေါ် "

"နာမည်လေးက ချစ်ရာလေး"

"........"

"လောင်၀မ်"

"............"

"လောင်၀မ်လို့ခေါ်လို့ရတယ်မလား"

"မရဘူး"

"ဟင် ဒါဆိုဘယ်လိုခေါ်ရမလဲ"

"မောင် လို့ခေါ် "

ရိပေါ်ရဲ့စကားအဆုံး ရှောင်းကျန့်ရုတ်တရက်ခန္ဓာကိုယ်ပူလောင်လာပြီး လူကခြေထောက်မခိုင်တော့ပဲ ပျော့ခွေသွားသည်။

My Bad Person (complete) Where stories live. Discover now