ကြက်အရေခွံကိုပင် မခွာနိုင်လောက်သော အလွန်အားနည်းလှသည့် တိကျမှုစွမ်းရည်သာ နိုးထထားသော ကျန်းကျိရင်လေးမှာ ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိအောင် ဖြစ်သွားရှာသည်။ သံသယမရှိစွာပင် သူသည် ဇွန်ဘီများ၏ လက်သည်းအောက်တွင် သေရတော့မည်။ 

သတိလစ်လစ်သွားတော့မည့် အခိုက်အတန့်တွင် ကျန်းကျိရင်၏ နောက်ဆုံးအတွေးမှာ.... 

တကယ်တမ်းတွင် သူသေသွားသည်မှာ အလွန်မြန်သောကြောင့် မည်သည့် အတွေးမှ တွေးချိန်မရလိုက်ပေ။ 

................................... 

ကျန်းကျိရင် နိုးလာသော အချိန်တွင် ဆေးရုံကုတင်ပေါ်တွင် လှဲလျောင်းနေသည်ကို သိလိုက်ရသည်။ သူ၏ အိပ်ရာဘေးစားပွဲတွင် သစ်သီးခြင်းအကြီးကြီး တစ်ခြင်းကိုလည်း မြင်လိုက်ရသည်။ သူ၏ သူငယ်ချင်း တာ့ကျားသည်လည်း သူ၏ အိပ်ရာဘေးတွင် ထိုင်နေပြီး သည်းသည်းထန်ထန် ငိုကြွေးနေသည်။ 

“ကျန်းကျိရင် မင်း ဘာလို့ ကုသိုလ်များများ မလုပ်ရတာလဲကွာ မီးပွိုင့်က ဒီလောက် တောက်တောက်ပြေးအောင် အလုပ်လုပ်နေတာကို မင်းက ဘာကိစ္စမမြင်ဘဲ လျှောက်သွားရတာတုန်း မင်းကို ကားတိုက်သွားပြီကွ ဝူး ဝူး မင်းကို စောင့်ဖို့ ငါ့မှာ တစ်လလုံးလုံး ဒီဆေးရုံမှာ လိုက်နေပေးနေရတဘ် အိုက်ယား ငါ ဘာလုပ်ရမလဲ.....” 

တာ့ကျားမှာ ငိုကြွေးမြည်တမ်းနေရင်း ခေါင်းမော့လိုက်သည်။ ထိုအချိန်တွင် နိုးနေပြီဖြစ်သော ကျန်းကျိရင်နှင့် အကြည့်ချင်းဆုံသွားသည်။ ရုတ်တရက် ကြောင်ငေးငေးကြီး ဖြစ်သွားပြီး 

“မင်း နိုးလာပြီ” 

ကျန်းကျိရင် ခေါင်းညိတ်လိုက်သည်။ 

“ဆရာဝန် ဒေါက်တာရေ့ သူ နိုးလာပြီ ကားတိုက်ခံရတဲ့ တစ်ယောက် နိုးလာပြီဗျ...” 

မကြာခင်တွင် ဆရာဝန်များနှင့် သူနာပြုများ အုပ်စုလိုက်ကြီး အခန်းထဲသို့ ရောက်ချလာသည်။ သူတို့သည် ကျန်းကျိရင်ကို စစ်ဆေးမှုများ အများကြီး လုပ်ခဲ့ပြီး ဤကိစ္စကို ဆေးလောက၏ အံ့ဖွယ်ဖြစ်ရပ်ဟု သတ်မှတ်လိုက်ကြသည်။ 

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now