Chapter - (23)

Começar do início
                                    

"မင်းက မစ္စတာဖူရှန်းလား"
ထိုလူက ယဥ်ကျေးစွာမေးလာသည်။

ကျန်၃ယောက်က ထိုလူကြီးကိုကြောင်အ,စွာ ကြည့်နေစဥ် ဖူရှန်းကတည်ငြိမ်စွာနဲ့
"မဟုတ်ဘူး"

"....."
သူတို့အုပ်စုထွက်သွားဖို့ပြန်နေချိန် ထိုလူကြီးကအလျင်အမြန်ပဲ
"ကျေးဇူးပြုပြီး ကျုပ်အနောက်ကလိုက်ခဲ့ပေးပါ"

ဖူရှန်းဘာမှမပြောသေးခင် ဖီချူးကအရင်
"ဦးလေးက ရဲလား"

လီဖုန်းယွီကလည်း
"ဦးလေးက ဘယ်သူလဲဗျ"

ဖူရှန်းကတော့ ၀င်ပြောရမှာတောင်ပျင်းနေသည်။
သူ အရင်ကထန်ကျိုးနဲ့ပတ်သက်တဲ့ဆွေမျိုးတွေအကြောင်းအကုန်စုံစမ်းပြီးသားမို့ ထန်ကျိုးနဲ့ပတ်သက်တဲ့သူတွေကို တခါမှမမြင်ဖူးရင်တောင်မှတ်မိနေသည်။

သူထိုလူရဲ့ပုံသဏ္ဍာန်ကိုတချက်ကြည့်လိုက်ပြီးတာနဲ့ သူ့ကိုရှာနေတဲ့သူက ဘယ်သူဆိုတာကိုတန်းသိလိုက်သည်။
သက်လတ်ပိုင်းလူကြီးကတော့ ဘေးမှလူ၃ယောက်ကိုလျစ်လျူရှုလိုက်ကာ
"သခင်လေးထန်ကျိုးရဲ့အမေက မစ္စတာဖူရှန်းကိုတွေ့ချင်လို့ပါ"

ထန်ကျိုးနာမည်က ကျန်းတမှာ မရင်းနှီးသူမရှိပေ။
ဘေးကဖြတ်သွားဖြတ်လာ ကျောင်းသားအချို့တောင် ထန်ကျိုးဆိုတဲ့နာမည်ကြောင့် သူတို့ဘက်ကိုလှည့်ကြည့်လာကြသည်။
ဖူရှန်းကတော့ လူတွေ၀ိုင်းကြည့်တာမခံချင်တာကြောင့် မျက်၀န်းတွေမှေးကျဥ်းလိုက်ပြီး
"လျန်ချင်း မင်းတို့အရင်သွားနှင့်"

လျန်ချင်းက ခဏလောက်ကြောင်နေပြီးမှ ခေါင်းငြိမ့်လိုက်သည်။
ဖူရှန်းထွက်သွားတော့မှ ဖီချူးကမျက်မှောင်ကျုံ့ပြီး
"နတ်ဘုရားထန်ရဲ့အမေက ဘာလို့ရှန်းကောကိုရှာတာလဲ"

"ငါလည်းမသိဘူးလေ...အရင်သွားစားရအောင်"
လျန်ချင်းစိတ်ထဲမှာတော့ တစ်ခုခုကိုသိသလိုလိုခံစားမိနေပေမဲ့ အမှန်မဟုတ်လောက်ဘူးလို့လည်းခံစားနေရသည်။
လီဖုန်းယွီကတော့ ဘရောင်ချိန်း(ဘရိန်းချောင်)စွာနဲ့
"နတ်ဘုရားထန် ငါတို့ပရောဂျက်မှာရင်းနှီးမြှုပ်နှံထားတာကို ပြန်ရုတ်သိမ်းခိုင်းမလို့လားပဲ"

ချိုမြိန်မှုကိုနှစ်သက်တဲ့ ဗီလိန်လေး(မြန်မာဘာသာပြန်)Onde histórias criam vida. Descubra agora