Chapter-(20)

2.3K 410 30
                                    

Unicode

ထန်ကျိုးက စျေးမ၀ယ်ဖူးသူမဟုတ်ပေ။
သူ့အိပ်မက်ထဲမှာ ဖူရှန်းစျေးသွား၀ယ်တိုင်း သူ့ကိုအမြဲခေါ်ဆောင်လေ့ရှိကာ သူအရင်ကမသိတဲ့ဟင်းလျာတွေရဲ့ချက်ပြုတ်နည်းကို တန်ဖိုးထားတတ်အောင် ပြသခဲ့သည်။

အနာဂတ်က ဘီလီယံနဲ့ချီကာချမ်းသာကြွယ်၀တဲ့ ဥက္ကဌဖူတစ်ယောက် ဘာကြောင့်အိမ်အကူတောင်မခေါ်ဘဲ ကိုယ်တိုင်ချက်ပြုတ်စားရလဲဆိုတာတော့ ထန်ကျိုးနားမလည်ပေ။

"ကျွန်တော့်ကို ပြောစရာရှိလို့လား"

ထန်ကျိုးက ပြောစရာရှိတာကိုတုံ့ဆိုင်းနေပုံပေါ်နေ၍ ဖူရှန်းကအရင်မေးလိုက်သည်။
ထန်ကျိုးက ခေါင်းငြိမ့်လိုက်ပြီး
"မင်းဘယ်တော့ အပေါ်ထပ်ကိုပြောင်းလာမှာလဲ"

အဆောင်မှာ ပရောဂျက်လုပ်ရတာ သိပ်အဆင်ပြေပုံမပေါ်ပေ။
ထန်ကျိုးက ဖူရှန်းတို့တဖွဲ့လုံးကိုတိုက်ခန်းဆီပြောင်းစေချင်နေပြီဖြစ်သည်။
တိုက်ခန်းက တက္ကသိုလ်နဲ့နီးတာကြောင့် အတန်းချိန်နောက်ကျတာမျိုးလည်း မဖြစ်နိုင်ပေ။

ဖူရှန်းက ပြုံးလိုက်ပြီး
"ကျွန်တော် သူတို့နဲ့တိုင်ပင်ပြီးပြီ...ဒီတပတ် ပိတ်ရက်လောက် ပြောင်းလာမယ်ဆိုရင်ရော"

"ရတယ်လေ"
ထန်ကျိုးက နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး
"မင်းက ဘယ်လိုနစ်နာကြေးမျိုးလိုချင်တာလဲ"

ထိုအခါ ဖူရှန်းက
"ဘယ်အရာဖြစ်ဖြစ်ရလား"

ထန်ကျိုးက ဖူရှန်းကိုကြည့်ကာ
"လူသတ်ခိုင်းတာတို့၊မီးရှို့ခိုင်းတာတို့ဆိုရင်တော့ လုံး၀ပဲ"

"ကျွန်တော်လိုအပ်ရင် ဒါတွေပါထည့်စဥ်းစားကြည့်မယ်လေ"
ဖူရှန်းက စျေးဆိုင်ရဲ့ကားပါကင်နေရာထိမောင်းသွားပြီး
"စျေးအရင်၀ယ်ရအောင်"

ထန်ကျိုးက ဖူရှန်းအနောက်မှစျေးဆိုင်ထဲသို့၀င်လာခဲ့သည်။
ဆိုင်အပြင်အဆင်က သပ်သပ်ရပ်ရပ်နဲ့ ဟင်းသီးဟင်းရွက်တွေက လတ်ဆတ်လှသည်။
ထန်ကျိုးက ဆိုင်ထဲမှာလျှောက်ကြည့်နေပြီး သူ့အကြည့်တွေက တောက်ပနေသည်။

ဖူရှန်းက ထန်ကျိုးကိုကြည့်ကာ နက်ရှိုင်းစွာပြုံးလိုက်ပြီး
"စီနီယာ စားချင်တာရှိလား...ဒီည ချက်ကျွေးမယ်လေ"

ချိုမြိန်မှုကိုနှစ်သက်တဲ့ ဗီလိန်လေး(မြန်မာဘာသာပြန်)Where stories live. Discover now