Chapter-(17)

2.1K 463 56
                                    

Unicode

နွေဦးရာသီရဲ့ညချမ်းက အေးမြသည်။
ထန်အိမ်တော်မှထန်ကျိုးပြန်လာစဥ် ကားပြတင်းပေါက်ဖွင့်ကာမောင်းတာကြောင့် လေအေးတွေကပြတင်းပေါက်မှတဆင့် သူ့ကိုတိုက်ခတ်ကာ စိတ်ကိုအေးချမ်းသွားစေသည်။
သူထန်အိမ်တော်မှာဆက်မနေချင်သလို သူတစ်ယောက်တည်းနေရတဲ့တိုက်ခန်းဆီကိုလည်း ပြန်မသွားချင်ပေ။

ကားကို မြစ်ကမ်းဘေးမှာရပ်လိုက်ကာ မြစ်ကမ်းဘေးမှာပိုမိုလေထန်တာကြောင့် လူတွေကိုချမ်းတုန်စေသည်။
ထန်ကျိုးက ကားဆံဆွဲထဲမှစီးကရက်၁ဘူးနဲ့ မီးခြစ်ကိုထုတ်ကာ ဘောင်းဘီအိတ်ထဲထည့်လိုက်ပြီး ကားပေါ်မှဆင်းကာ မြစ်ကမ်းတလျှောက်မှာရှိတဲ့လက်ရန်းတွေဆီလျှောက်လာသည်။

မြစ်ထဲမှရေလှိုင်းတွေက တရိပ်ရိပ်တက်လိုက်၊ကျလိုက်ဖြစ်နေပြီး အချို့နေရာတွေမှာ လှိုင်းကြက်ခွပ်သေးသေးလေးတွေဖြစ်ပေါ်နေသည်။
ထန်ကျိုးက စီးကရက်ကိုမီးညှိဖို့လုပ်နေတုန်း ခပ်လှမ်းလှမ်းမှတစ်စုံတစ်ယောက်က လက်ရန်းအားခွကျော်နေသည်ကိုမြင်လိုက်ရသည်။

ထန်ကျိုးကထိတ်လန့်သွားပြီး ဘာမှစဥ်းစားမနေဘဲလှမ်းအော်လိုက်သည်။
"ဟေ့လူ ခင်ဗျားမှာမီးခြစ်ရှိလား"

ထိုလူကကြောင်သွားပြီး သူ့ဘက်ကိုခေါင်းလှည့်လာပေမယ့် မှောင်နေတာကြောင့်ထိုလူ့မျက်နှာအမူအရာကို သဲကွဲစွာမတွေ့ရပေ။
ထန်ကျိုးကတော့ သူထိတ်လန့်နေကြောင်းအမူအရာတချက်မပေါ်စေဘဲ ပေါ့ပေါ့ပါးပါးဟန်နဲ့ထိုလူဆီကိုလျှောက်သွားလိုက်သည်။

"ကိုယ့်လူရာ မီးခြစ်လေးခဏငှားဦး"
ထန်ကျိုးကလက်ထဲမှစီးကရက်ကိုထောင်ပြပြီးပြောလိုက်သည်။
ထိုလူကတုံ့ဆိုင်းနေတဲ့လေသံနဲ့
"ငါ့ဆီမှာ မီးခြစ်မရှိဘူး"

ထိုလူ့မျက်သားတွေကနီရဲနေကာ ပင်ပန်းနွမ်းနယ်နေပုံပေါ်ပြီး ဘ၀ကိုလက်လျှော့ထားတဲ့အမူအရာဖြစ်နေသည်။
ထန်ကျိုးကသက်ပြင်းချလိုက်ပြီး
"ဒီအချိန်ကြီး တစ်ယောက်ယောက်နဲ့တွေ့ရလိမ့်မယ်လို့မထင်ထားဘူး"

ထိုလူက ဘာမှမပြောဘဲ လက်ရန်းကိုခြေတဖက်ခွထားပြီး မြစ်ဆီကိုဦးတည်ကြည့်နေသည်။
ထန်ကျိုးက ဆက်လက်ပြီး
"ငါနဲ့စကားပြောကြမလား"
လူငယ်လေးကခေါင်းငိုက်စိုက်ကျနေပြီး ဘာစကားမှမပြောပေ။
သူ့ကိုကြည့်ရတာ လွယ်လွယ်နဲ့ဖျောင်းဖျလို့ရမယ့်ပုံမပေါ်ပေ။

ချိုမြိန်မှုကိုနှစ်သက်တဲ့ ဗီလိန်လေး(မြန်မာဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang