Chapter-(8)

2.5K 540 30
                                    

Unicode

ချောင်ယွမ်မွေးနေ့ရောက်တော့ ထန်ကျိုးကပုံမှန်လိုပဲ၀တ်စားပြီး ချိန်းထားတဲ့ကလပ်ရဲ့သီးသန့်ခန်းဆီထွက်လာခဲ့သည်။
ထန်ကျိုးအခန်းတံခါးဖွင့်ဖို့လုပ်နေတုန်း တံခါးကပွင့်သွားကာ လွီရဲ့ကချောင်ယွမ်ရဲ့လက်မောင်းကိုဆုပ်ကိုင်ပြီးထွက်လာသည်။

လွီရဲ့မျက်နှာချောချောလေးကသုန်မှုန်နေပြီး ချောင်ယွမ်ကတော့ ဆံပင်ခပ်တိုတိုကိုနဖူးရှေ့မှာဆံမျှင်လေးတွေကျနေကာ သူ့မျက်နှာကဖြူလျော်နေပြီး မျက်၀န်းတွေကတော့ဖြူစင်စွာနဲ့ လွီရဲ့ဆွဲခေါ်တဲ့နေရာကို မတတ်သာဘဲလိုက်နေရပုံပေါ်သည်။
ထန်ကျိုးကိုမြင်တော့ ချောင်ယွမ်ကအံ့သြပြီးပျော်သွားကာ
"ကျိုးကော ရဲ့ကောကိုပြောပေးပါဦး...သူဘာလို့စိတ်ဆိုးနေမှန်းမသိဘူး"

ချောင်ယွမ်ရဲ့​ကြည်လင်လှတဲ့အကြည့်လေးတွေကို ဘယ်သူမှငြင်းဆန်နိုင်မည်မဟုတ်ပေ။
ထန်ကျိုးက
"ဘာတွေဖြစ်နေကြတာလဲ"
လွီရဲ့က သီးသန့်အခန်းတံခါးကိုပိတ်လိုက်ပြီး ထန်ကျိုးနဲ့ချောင်ယွမ်ကို အခန်းနဲ့ခပ်လှမ်းလှမ်းနေရာအားခေါ်ခဲ့ပြီးမျက်မှောင်ကျုံ့ကာ
"ဟို ဖူမျိုးနွယ်ကိုဘာလို့ဖိတ်လိုက်တာလဲ...မင်းသူနဲ့ရင်းနှီးလို့လား"

စကားအသွားအလာအရ ထန်ကျိုးကတော့သိလိုက်ပြီ။
ချောင်ယွမ်ကတော့ လွီရဲ့စိုးရိမ်နေတာကိုမသိဘဲ
"သူနဲ့ ကျောင်းက ကလပ်တစ်ခုထဲမှာခင်ကြတာ....ပြီးတော့ သူကကျွန်တော်တို့ကျောင်းသားသစ်တွေရဲ့ကိုယ်စားပြုသူလေ...သူကအရမ်းထူးချွန်တာ"

ချောင်ယွမ်နဲ့ဖူရှန်းတို့က ပထမနှစ်ကျောင်းသားလေးများဖြစ်ကာ ခရီးသွားကလပ်ထဲမှာဆုံကြခြင်းဖြစ်သည်။
ဖူရှန်းက ကလပ်ထဲ၀င်တာစောသဖြင့်နောက်မှရောက်တဲ့ချောင်ယွမ်ကိုကူညီပေးခဲ့ဖူးသည်။
ချောင်ယွမ်ကတော့ ဖူရှန်းအပေါ်အတော်လေးအကောင်းမြင်မိသည်။

သူတို့၂ယောက်ရင်းနှီးကာ သူငယ်ချင်းတွေဖြစ်လာတာကြောင့် ချောင်ယွမ်ကဖူရှန်းအား သူ့မွေးနေ့ပွဲလာရန်ဖိတ်လိုက်သည်။
လွီရဲ့က ဘာ​လို့ဖူရှန်းအားရန်လိုနေသလဲဆိုတာ ချောင်ယွမ်နားမလည်တော့ပေ။

ချိုမြိန်မှုကိုနှစ်သက်တဲ့ ဗီလိန်လေး(မြန်မာဘာသာပြန်)Where stories live. Discover now