Chapter-(3)

2.8K 544 17
                                    

Unicode

သူ့အိပ်မက်ထဲတွင် သူကဖူရှန်းရဲ့လက်ထောက်အဖြစ်အလုပ်လုပ်ခဲ့ရတာကြောင့် ထန်ကျိုးကအခုအိမ်သန့်ရှင်းရေးကိစ္စမှာကျွမ်းကျင်နေပြီဖြစ်သည်။
ကော်ဖီစားပွဲကိုရှင်းလိုက်ပြီး လေကောင်းလေသန့်၀င်လာရန်ပြတင်းပေါက်ကိုဖွင့်လိုက်သည်။
သူအခုထန်မိသားစုနဲ့ လုံး၀အဆက်ဖြတ်ဖို့ဆုံးဖြတ်လိုက်ပြီးနောက် ထန်ကျိုးရဲ့စိတ်တွေကအရင်ကထက်ပိုမိုပေါ့ပါးသွားသည်။

အိပ်မက်ထဲမှာဖြစ်စေ အပြင်မှာဖြစ်စေ သူထန်မိသားစုရဲ့ဆက်ခံသူလုပ်ဖို့လုံး၀စိတ်မ၀င်စားပေ။
သူ့ဆွေမျိုးတွေရဲ့ယုတ်မာတဲ့စိတ်ထားတွေနဲ့ ခွဲခြားဆက်ဆံမှုတွေကို သူစိတ်ပျက်နေပြီဖြစ်သည်။
သူ့ဖုန်းမြည်လာတဲ့အချိန်မှာတော့ သူစိတ်ကြည်နေတာလေးတွေပျောက်သွားသည်။

ခေါ်ဆိုသူရဲ့နာမည်ကို အေးစက်တဲ့အကြည့်တွေနဲ့ကြည့်ကာ ဖုန်းကျသွားတဲ့အထိသူမကိုင်ပေ။
ဒါပေမယ့်လည်း ဖုန်းကထပ်မံမြည်လာတာကြောင့် ထန်ကျိုးဖုန်းကိုယူကာကိုင်လိုက်ပြီး စပီကာဖွင့်လိုက်သည်။

"ထန်ကျိုး ညနေရောက်ရင်ပါတီတစ်ခုရှိတယ်...အဲ့ကိုငါနဲ့လိုက်ခဲ့"
ပြောလာတဲ့သူကတော့ သူ့ရဲ့အဖေဖြစ်သူထန်ကျင်းပင်။
ကိုယ့်သားကိုသူစိမ်းတစ်ယောက်လို အဖက်မလုပ်ဘဲနာမည်အလုံးလိုက်ခေါ်တတ်တဲ့ အဖေလေ...
ထန်ကျိုးက သူ့ရဲ့မှတ်စုတိုလေးကိုဖွင့်ကာအရေးမစိုက်တဲ့လေသံနဲ့
"မသွားဘူး...ကျွန်တော်အဲ့လိုနေရာတွေကိုမကြိုက်ဘူး"

ထန်ကျင်းက
"ဒါ မင်းအဘိုးရဲ့အမိန့်ပဲ...အဘိုးတုရဲ့မြေးမလေးက ဒီနေ့၁၈နှစ်ပြည့်မွေးနေ့ပါတီလုပ်မှာ..ရအောင်လာခဲ့"
ရှင်းရှင်းပြောရရင် ကြင်ဖက်တွေ့ဆုံတာပဲပေါ့...
ထန်ကျိုးက ယနေ့စတော့ရှယ်ယာစျေးတွေကိုကြည့်ကာ ချောင်းအနဲငယ်ဆိုပြလိုက်ပြီး
"ကျွန်တော်အအေးမိနေတာ..နေလို့လည်းသိပ်မကောင်းဘူး"

သူမှတ်မိသလောက်ဆိုရင် အဲ့အမျိုးသမီးကသူ့ရဲ့တရားမ၀င်ညီနဲ့တလှေတည်းစီးတဲ့သူတွေလေ။
အိပ်မက်ကမှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အဲ့လိုရွှံ့နွံတောကိုကြိုတင်ရှောင်ထားရမည်။
သူ့အသံကလည်းအက်ရှနေတာကြောင့် သူပြောတာကိုသူ့အဖေယုံကြည်သွားလိမ့်မယ်လို့ယူဆလိုက်သည်။
ခဏကြာတော့ သူ့အဘိုးဆီမှဖုန်းတစ်ကော၀င်လာလေသည်။

ချိုမြိန်မှုကိုနှစ်သက်တဲ့ ဗီလိန်လေး(မြန်မာဘာသာပြန်)Donde viven las historias. Descúbrelo ahora