ဖူရှန်းအကြည့်တွေဖျော့တော့သွားပြီး
"အင်းပါ"

ဖူရှန်းက ခေါင်းချရင်အိပ်ပျော်တဲ့သူဆိုပေမဲ့ ယနေ့ညမှာတော့ ကုတင်မှာလူးလိမ့်နေပြီးအိပ်မပျော်ချေ။
မနက်အာရုဏ်တက်ချိန်လောက်မှ မှေးကနဲအိပ်ပျော်သွားပေမဲ့ အိပ်မက်ထဲမှအလှလေးကြောင့် ပြန်နိုးလာသည်။
ဖူရှန်း သူ့လက်ကိုသူထိကာ အိပ်ရာပေါ်ပျော့ခွေစွာပြန်လှဲချလိုက်ရင်း သက်ပြင်းချလိုက်မိသည်။

အတန်းတက်ချိန်ရောက်တော့ ဖူရှန်းတစ်ယောက်ငေးငိုင်စွာနဲ့ထိုင်နေသည်။
လျန်ချင်းကတော့ ဖူရှန်းအခြေအနေတစ်ခုခုမှားယွင်းနေတာကိုသတိထားမိသွားပြီး
"မနေ့က အိပ်ရောအိပ်ဖြစ်ရဲ့လား"

ဖူရှန်းခေါင်းသာငြိမ့်ပြီး ဘာမှထပ်ပြောမလာပေ။
ဖီချူးက ရယ်မောပြီး
"မနေ့ညက နတ်ဘုရားထန်နဲ့ဘာမှတော့မဖြစ်ခဲ့ကြဘူးမလား"

ဒါက သေချာပေါက်ကို ဟာသပြောလိုက်တာဖြစ်သည်။
ဖူရှန်းကရယ်မောပြီး ဖီချူးကိုဆူနေရင်း အိပ်မက်ထဲမှသေးသွယ်ဖြူဖွေးတဲ့ ခြေတံသွယ်သွယ်တွေကိုပြန်မြင်ယောင်ကာ အပြစ်ရှိတဲ့အမူအရာနဲ့ချောင်းဟန့်လိုက်သည်။

"ဆရာ လာပြီ"
ဖီချူးက ခပ်မတ်မတ်ထိုင်လိုက်ပြီးအရှေ့ကိုကြည့်နေတာကြောင့် ဖူရှန်းထူးဆန်းနေတာကိုသတိမထားမိပေ။
ဒါပေမဲ့ လျန်ချင်းကတော့မျက်မှောင်အနဲငယ်ကျုံ့ကာ ဖူရှန်းကိုကြည့်နေသည်။

ဖူရှန်း အတန်းချိန်အတွင်းတချိန်လုံးငူငူငိုင်ငိုင်ဖြစ်နေပြီး ဆရာကသူ့ကိုမေးခွန်းမေးကာ ထဖြေခိုင်းတာတောင် ယောင်၀ါး၀ါးအမူအရာနဲ့ထဖြေနေသည်။
လီဖုန်းယွီသာ သူ့ကိုသတိမပေးရင် အတန်းထဲလှောင်ရယ်ခံရမှာကျိန်းသေသည်။

ဖူရှန်းကအရွယ်ရောက်ခါစဖြစ်တာကြောင့် သူ့ခံစားချက်တွေ၊အတွေးတွေဘယ်လိုနက်နဲနေပါစေ ရိုးသားတဲ့ဖိုးသခွားသာသာပင်။
အတန်းပြီးတော့ သူတို့၄ယောက် စာသင်ဆောင်မှထွက်လာချိန် လူတစ်ယောက်လာတားတာကြောင့် ရပ်တန့်သွားသည်။

သူတို့ကိုလာတားတဲ့သူက သာမန်အင်္ကျီအဖြူ၊ဘောင်းဘီအနက်၀တ်ထားတဲ့သက်လတ်ပိုင်း လူကြီးတစ်ယောက်ဖြစ်သည်။
ထိုသူ့ပုံစံက သာမန်ကျောင်းဆရာလိုပုံစံနဲ့ အလွန်သာမန်ဆန်လွန်းလှသည်။

ချိုမြိန်မှုကိုနှစ်သက်တဲ့ ဗီလိန်လေး(မြန်မာဘာသာပြန်)Where stories live. Discover now