Part - 20 ( Zawgyi )

Start from the beginning
                                    

" ဒီညလည်းအိပ်ပျော်အောင်အိပ်လိုက်ပါ ၊ ကိုယ် အခုပဲအခန်းပြင်ထွက်ပေးမယ်နော် ၊ ကိုယ့်ကြောင့်
မင်းမှာ ထပ်ပြီးစိတ်ရှုပ်ရတာတွေမကြုံစေချင်ဘူး "

" အဲဒါဆိုလည်း မြန်မြန်ထွက်သွားပါတော့ "

နှင်ထုတ်နေသူရဲ့စိတ်အလိုကျ အခန်းအပြင်ကို
ပြန်ထွက်ဖို့အတွက် တံခါးဆီကိုလျှောက်သွားသည့်အချိန် နောက်ကျောဆီကနေအသံကြားလိုက်
ရသည်။

" မကိုဋ်ထွဋ်ခေါင် ခင်ဗျားတစ်ခုတော့သိထားပေး
ကျွန်တော်က အခုခင်ဗျားကိုအခန်းပြင်ကိုနှင်
ထုတ်တယ်နော် ၊ နောက်ပိုင်းအချိန်တွေမှာ
လိုအပ်လာရင် ကျွန်တော့်ဘဝထဲကနေ ခင်ဗျားကိုအပြီးအပိုင် နှင်ထုတ် ဖို့အထိလည်းတွေးထားပြီးပါပြီ ၊ အဲအချိန်ကျရင်လဲ အခုခင်ဗျားအခန်းအပြင်ကို
ချက်ချင်းလှည့်ထွက်ပေးသလိုပဲ ကျွန်တော့်ဘဝထဲကနေ ခြေရာတောင်မချန်ဘဲလှည့်ထွက် သွားပေးဖို့ မျှော်လင့်ပါတယ်"

အေးစက်စက်စကားရဲ့အဆုံး ခြေဆုံရပ်ကာနောက်
ုပြန်လှည့်လိုက်သည်။ ပြီးတာနဲ့တိကျပြတ်သားတဲ့
လေသံနဲ့ကိုယ့်သဘောထားကို တစ်ခါထဲအသိပေးခဲ့မိတော့၏။

" အခု ဒီအခန်းထဲကနေ လှည့်ထွက်လာပေးတယ်
ဆိုတာက လိုအပ်လာရင် မင်းဘဝထဲကနေအပြီး
ထွက်သွားပေးဖို့ အားယူနေတယ်လို့ ယောင်လို့
တောင်မတွေးလိုက်ပါနဲ့ ၊ ကိုယ် အခုချိန်ငြိမ်နေတာ
ပြဿနာတွေကိုဖြေရှင်းဖို့အားယူနေတာမျိုးပဲ၊
အဆိုးဆုံးအခြေအနေတွေကိုဖြတ်ကျော်ဖို့ငြိမ်ပြီးအားယူနေတာမျိုးပေါ့ ၊ သေချာတာကတော့
ဘာအကြောင်းနဲ့မှ မင်းကိုလက်မလွှတ်ပါဘူး ၊
ကိုယ်ကစပြီးမင်းကိုမစွန့်ပြစ်သလို ကိုယ့်ကိုလဲ
မင်းဘက်ကနေစပြီးစွန့်ပြစ်လို့မရဘူး ၊
အရာအားလုံးက ကိုယ့်ရဲ့ပေါ့လျော့မှုတွေကနေစပြီး
ဖြစ်လာရတဲ့ပြဿနာတွေဆိုတော့ ကိုယ့်ရဲ့အသုံးမကျမှုတွေကို ကြားထဲကနေခံနေရတဲ့မင်းကိုသနားလို့
မင်းစိတ်တိုင်းကျနေပေးနေတာပါ ၊ ဒါကို မင်းကို
လက်လွှတ်ပေးလိမ့်မယ်လို့ အထင်မမှားစေချင်ဘူး
သက်ထက်ပန်ဆိုတာက မကိုဋ်ထွဋ်ခေါင်ရဲ့အပိုင်ပါ"

My Husband Hates Me ( Completed )Where stories live. Discover now