လမ်းတစ်လျှောက်တွင် ကျန်းကျိရင်သည် ဇွန်ဘီများစွာကို သတ်ခဲ့သော်လည်း ဤအမြုတေတစ်လုံးသာ ရခဲ့သည်။ သူဇွန်ဘီတို့၏ ခန္ဓာကိုယ်ကို တူးထုတ်နေစဉ်တွင် အဖွားရှုမှ မသန့်ရှင်းသော အမျိုးအမည်မသိရသော အရာများကို လျှောက်မဆော့သင့်ကြောင်း အကြံပေးခဲ့သည်။ 

ဤတစ်ကြိမ်တွင် ၎င်းအမြုတေသည် သူ၏ အောင်မြင်မှု ဖြစ်သည်ဟု သတ်မှတ်နို်ငသည်။ သို့သော် "Hypermarket" တွင် ဤအဆင့်အနိမ့်ဆုံး အမြုတေကို တင်လိုက်လျှင်လည်း မည်သူကမှ စိတ်ဝင်တစား ဝယ်ကြမည် မဟုတ်ပေ။ 

သို့သော် ကျန်းကျိရင်၏ ရည်ရွယ်ချက်မှာ ငွေရှာရန် မဟုတ်ပေ။ ခနလောက် စဉ်းစားပြီးနောက် အဆင့်တစ် အမြုတေကို ဆယ်ယွမ်အဖြစ် ဈေးသတ်မှတ်လိုက်သည်။ ဤသည်မှာ "Trading House" မှ သတ်မှတ်ထားသော အနိမ့်ဆုံး ဈေးနှုန်းဖြစ်သည်။ ထို့အပြင် အရောင်းအဝယ်အောင်မြင်သွားလျှင်လည်း အမြတ်ငွေ ငါးရာခိုင်နှုန်း ရရှိမည် ဖြစ်သည်။ 

ထိုစာမျက်နှာကို Refresh လုပ်လိုက်ပြီးနောက်တွင် Item Store တွင် စာတစ်ကြောင်းပေါ်လာသည်။ ကျန်းကျိရင် နောက်ဆုံး ထည့်သွင်းသွားသော Item မှာ အဆင့်နိမ့် သလင်းအမြုတေဖြစ်ပြီး ၎င်းကို April 1, XX year တစ်ဆယ့်သုံးနာရီ နှစ်ဆယ့်ရှစ်မိနစ်တွင် ရောင်းချရန် တင်ခဲ့သည်။ 

ဤကမ္ဘာနှင့် အစစ်အမှန်ကမ္ဘာတို့ကြားမှ ဆက်နွယ်မှုကို ပို၍ သိရှိရန် ကျန်းကျိရင်အနေဖြင့် သူ့တွင် ရှိနေသော အမှန်တကယ် တန်ဖိုးရှိသည့် အရာတစ်ခုကို ရောင်းချရန် လိုအပ်သည်။ လက်ရှိအနေအထားရ ကျန်းကျိရင်သည် ဤပြဿနာကို ခနလောက် ဘေးဖယ်ထားရန် ဆုံးဖြတ်ထားပြီး "Hypermarket"ကို ဆက်၍ လေ့လာလိုက်သည်။ 

ချင်းလန်ကုမ္ပဏီ၏ ငွေရှာလိုသည့် လောဘသာ ယခင်အတိုင်း မပြောင်းမလဲ ရှိနေသေးသ၍ စိတ်ကူးယဉ်နေခြင်းဖြစ်စေ အိပ်မက်မက်နေခြင်းဖြစ်စေ လက်တွေ့ဖြစ်နေပါစေ "Hypermarket" သည် ထို "Hypermarket" သာ ဖြစ်နေပေလိမ့်မည်။ 

ဤသည်ကို မြင်ပြီး ကျန်းကျိရင်သည် သူ၏ မိတ်ဆွေဟောင်းကြီးကို အမှတ်ရသွားပြီး စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သလို ဖြစ်သွားရသည်။ “စွမ်းရည်”ဟူသော စင်ကို ဖိ၍ စိတ်ထဲတွင် အချိန်အကြာကြီး လိုချင်နေခဲ့ရသော အရာကို ကြည့်သည်။ လူကြိုက်အများဆုံးသော Item များ ဖြစ်ကြသော “ရေခဲစွမ်းအား” နှင့် “မိုးကြိုးစွမ်းအား” တို့က ယခု သူ့မျက်စိရှေ့တွင် ရှိနေလေပြီ။ 

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now