^Second Face^ Part-23

Start from the beginning
                                        

Kai ပြီးသွားပြီလား

Nae.. hyung

Kai မျက်နှာကမကောင်းးး

Kai ဘာဖြစ်တာလဲ မျက်နှာကချက်ချင်း ညိုးသွားပါလား

ဟင်းးးးးး ကျွန်တော်မထင်မှတ်တဲ့ ဖြစ်ရပ်ကိုကြုံခဲ့လို့

ဘာဖြစ်ခဲ့တာလဲ

နောက်မှရှင်းပြမယ်ဗျာ ကျွန်တော်လူနာ့ကို သွားခေါ်ဦးမယ်

အေး အေးး

                 **********

Kai တစ်ယောက် Suho တာဝန်လွှဲခဲ့ တဲ့ လူနာကို ပတ်တီးဖြေပြီးနောက်

ဟာ Se Sehun...

Kai မျက်လုံးအစုံတို့ပြူးလျက် စကားတို့ဆွံ့အနေတယ်

ဟို Hun Hun ကိုသိလား ကောင်လေး ကောင်လေးလေ

Kai တစ်ယောက်ဘာမှပြန်မပြောနိုင် အချိန်အတော်ကြာ မျက်နှာကိုအုပ်ထား ရသဖြင့် မျက်လုံးတောင် မဖွင့်နိုင်ပဲ Hun ကိုသိလားလို့ မေးနေတဲ့ လူနာကြောင့် Kai ထပ်အံသြရပြန်တယ်

Hun နဲ့ဘယ်လိုပတ်သက်တာလဲ

Kai စိတိကိုအတည်ငြိမ်ဆုံး ထား၍မေးလိုက်တယ် လူနာမှတ်တမ်း ကြည့်ကတည်းက Luhan ဆိုလို့ Kai မျက်မှောင်ကြုံနေမိတာ အခုတော့ တစ်ကယ် တစ်ကယ်ပဲ Hun ပြောတဲ့ Luhan hyung လား

ကျွန်တော်က Hun နဲ့ မိတ်ဆွေတွေပါ Luhan မျက်လုံးကိုဖြည်းဖြည်းချင်း ဖွင့်လျက် ပြောနေတယ် ဒါပေမယ့် အလင်းရောင်ကြောင့် မျက်လုံးတို့ပြန် မှိတ်သွားပြန်တယ် အချိန်အကြာကြီး မှောင်နေခဲ့တာလေ

သတိထားပြီး ဖြည်းဖြည်းချင်း ပြန်ဖွင့်မယ် ပြန်မမှိတ်လိုက်နဲ့ တင်းထားပါ ဒါမှကျင့်သားရမှာ နောက်မှအေးဆေးပြောကြတာပေါ့ အခုခဏနားလိုက်ပါဦး

Kai သိချင်စိတ်တို့ ထိန်းချုပ်လိုက်တယ် အခုအချိန်မှာ Luhan နားနေသင့်တယ်လေ

ခဏ ကျွန်တော့်အတွက် အရေးကြီးတယ် ကျွန်တော် Hun ကို

Hyung စိတ်ကိုငြိမ်အောင်ထားပါ ကျွန်တော်က Hun ရဲ့ chingu ပါ ကျွန်တော်ခဏနေလာခေါ်မယ် အခန်းပြောင်းရအောင် hyung သိချင်တာရော ကျွန်တော်သိချင်တာရော အပြန်အလှန် မေးကြတာပေါ့

Kai ထွက်သွားတော့ Luhan မျက်ရည်တွေကျလာတယ် မျက်နှာပေါ်က့ မျက်ရည်တွေကို သုတ်လိုက်မှ သူကျေနပ်စွာ အစားထိုးထားတဲ့ Hun ရဲ့ မျက်နှာလေးကို သတိရသွားတယ်

ဘေးဘီဝဲကြည့်တော့ ကုတင်နားက စားပွဲပေါ်မှာ မှန်လေးတစ်ချပ် Kai တင်ထားတာပါ ပတ်တီးဖြေပြီးရင် ကျုယိ့မျက်နှာကိုယ် ကြည့်ရမယ်လေ Kai ကတော့မှန်ပြဖို့မေ့ပြီး ထွက်သွားလေရဲ့

Luhan တုန်ရီနေတဲ့ လက်လေးတွေနဲ့ မှန်ကိုကိုင်ကာ ကြည့်လိုက်တော့ ကောင်လေး မှန်လေးကိုပွတ်ကာ ငိုနေတော့တယ် အင်းးး မှန်ထဲမှာမြင်နေရတဲ့ ကောင်လေး မျက်နှာ....

Kai ဝင်လာတော့ မျက်ရည်တွေသုတ်ပြီး လှဲနေရာက

ထထိုင်လိုက်တယ်

သွားရအောင် hyung..

Kai ကတော့သူ့အခန်းထဲ ခေါ်ဆောင်လာတယ်

တစ်ကယ်ဆို လူနာကို တစ်ယောက်ထဲအေးဆေးမေခိုင်းရမှာ ဖြစ်ပေမယ့် Kai အနေနဲ့ သိချင်တာတွေ ရှိနေတာကြောင့်... Kai အခန်းထဲ Luhan ကိုခေါ်ပြီးဝက်လာတော့ Kris မျက်လုံးပင့်ကြည့်လိုက်တယ်

Luhan အံ့သြတကြီးဖြစ်ကာ

Kris~~~~~~~~~

Waiting for vitamin votes and feedbacks... saranghae.. gamsamitha... 90° bow..

ဟုတ် ပြောချင်တာပြောကြပါ စောင့်ရတာများတော့လည်း စိတ်နာပြီး လာတောင်မမေးကြတော့ဘူး ကိုယ့်အပြစ်ကိုသိပါတယ် ပြီးတော့လေ ဒီ part က ပျင်းဖို့ကောင်းတယ်မလား ရှုပ်သထက်ရှုပ်နေပါပြီး ဒီအရူးမကြောင့် miyanae လို့တောင်မပြောရဲတော့ပါဘူး မီယားတာများနေပြီ ဟီးးးး အဟွန်းတေ့ မပါလိုက်ဘူး အရေးအသားတွေ ညံ့ညံ့လာသဖြင့် Kai လွှတ်ကြပါ

^Second Face^ ( Completed ) Where stories live. Discover now