Zawgyi အခန်း၁၃

Start from the beginning
                                    

"ဟ..ပင်လယ်ကြီးတစ်ခုလုံးရှိနေတာသွား
မချိုးပဲ ဘယ့်နှယ်ရေချိုလိုက်ရှာနေတာလဲ..."

"ဒီမှာ ကျွန်မဖာဟာဘယ်ရေနဲ့ ချိုးချိုးပေါ့ ရှင့်အပူလား..."

မာန်ဆောင်‌နေတဲ့ နှစ်ယောက်ကြောင့်ဘကြီး
လှစိန်လည်း အနီးမှာဆော့နေကြတဲ့ ကရင်ကလေးငယ်တွေကို သူတို့ဘာသာစကားနဲ့
တောထဲမှ စိမ့်စမ်းချောင်းဆီသို့လိုက်ပို့ရန်ပြောလိုက်သည်။

မိန်းမကိုစိတ်မချ၍ဆိုပြီး ကလေးတွေနဲ့ရောယောင်ကာ လိုက်သွားတဲ့ဘုန်းမြတ်ကိုကြည့်ပြီး ဘကြီးလှစိန်ကတော့ ပြုံး၍သာနေတော့သည်။

"တယ်လည်း မိန်းမချစ်တဲ့ကောင်လေးပဲ..
တစ်စက်မှကို မျက်စိရှေ့ကအပျောက်မခံတာ...
ငါငယ်ငယ်ကအတိုင်းပဲ..
အော်..သူတို့လေးတွေကြောင့် အတိတ်ကကြည့်နူးစရာတွေကို ပြန်အမှတ်ရနေမိပေမဲ့..မင်းကတော့မရှိရှာတော့ဘူးပေါ့ကွယ်..
မင်းမရှိတော့ပေမဲ့ မင်းခေါင်းချခဲ့တဲ့ ဟောဒီ့ကျွန်းလေးမှာပဲ လှစိန်အမြဲရှိနေပါ့မယ်..
သစ္စာကိုမိုးကောင်ကင်မှာအခြေတည်ထားပြီး..မေတ္တာတွေကိုတော့ မိန်းမရေ မင်းအိပ်စက်နေတဲ့ မြေကြီးထဲမှာပဲ မြှုပ်နှံလိုက်ပါပြီကွယ်...နောင်ဘ၀များမှာ ပြန်တွေ့ခဲ့ကြရင် ဟောဒီ့ပင်လယ်ပြင်ပြာကြီးထဲမှာ တို့ရဲ့အချစ်‌လှေလေးနဲ့ ကူးခပ်ယှက်သန်းကြတာပေါ့ကွယ် "
*
*
*
*
ရေချိုးစရာရှိတာမချိုးပဲ ကလေးတွေနဲ့ ရေဆော့နေသည့်သူမကို အံ့ဩတကြီးဖြစ်နေရသည်။
ငယ်ငယ်ကလို ကလေးစိတ်ပဲမကုန်သေးတာလားမသိဘူး။
တွေ့တဲ့နေရာဟာ သူမရဲ့ကစားကွင်းလိုပဲ ‌ထင်နေပုံရတယ်။
တောကောင်တွေနဲ့ မသမာသူတွေရဲ့ရန်ကို သူကသာစိုးရိမ်ပြီး လိုက်လာမိတာ သူမကတော့ ဗိုလ်နေမြဲ၊ကျားနေမြဲပဲ။

"ဟာ...မပတ်နဲ့လေ...အဟား..ရတယ်..
ဒီလိုလား..ကဲဟာ...ကဲ..."

"ဗွမ်း...ဗွမ်း...."

ရွာမှာတုန်းကတော့ ရှက်သလို၊ကြောက်သလိုလုပ်နေပြီး အခုကျတော့ ကလေးတွေနဲ့ရေပတ်တိုင်းကစားနေလိုက်တာ သူ့ကိုတောင်ရှိတယ်ထင်သေးရဲ့လားမသိ။
စိတ်မရှည်တဲ့အဆုံး သူမတို့ရှိတဲ့စမ်းချောင်း အနီးမှာ ခါးထောက်ရပ်ပြီး အော်ဖို့လုပ်ရသည်။

ချစ်လိပ်ပြာလေး တဝဲလည်လည်Where stories live. Discover now