ဦးဥက္ကာယံ က ညွှန်း ပြောသည်ကို ဂရုမစိုက်တော့ဘဲ ပွေ့ချီကာ ခြံတံခါးရှေ့တွင် ရပ်ထားသည့် ကားပေါ်တင်လိုက်သည်။ သူ ညွှန်း အိမ်မှ မပြန်ခင် ညစာကျွေးချင်သည်မို့ အလုပ်မှ အမြန်ပြန်ပြေးလာသော်လည်း ခြံရှေ့တံခါးပွင့်နေခဲ့သည်။ မသင်္ကာသည်ကြောင့် အပြေးဝင်လာသော် ယခုမြင်ကွင်းအား မြင်ရခြင်းဖြစ်သည်။

ဦးဥက္ကာယံ ဘေးခုံတွင်ထိုင်နေသည့် ညွှန်း အား ကားမောင်းရင်းလှမ်းကြည့်မိတော့ တစ်ကိုယ်လုံး တုန်ယင်နေသည်။ ကြောက်လန့်စရာဖြစ်ရပ်တစ်ခုအား မြင်တွေ့လိုက်ရသည့်ပုံမျိုးပင်။ ဦးဥက္ကာယံ ဒေါသမီးတို့တောက်သွားရသည်။

(စံပယ် ဒီ မိန်းမတော့ကွာ။တောက်။)

ကားရပ်လိုက်ကာ အိမ်ရှေ့ရောက်လာပြီမို့ တံခါးဖွင့်ကာ ညွှန်း ကားပေါ်မှ ဆင်းလိုက်သည့်အခါ ခွေခေါက်လဲကျသွားသည်။ ခြံထဲရှိ သနပ်ခါးပန်းပင်များအား ရေလောင်းနေသည့် ဦးလွိုင် အရှေ့မှကားသံကြောင့် ထွက်ကြည့်လိုက်သည့်အခါ။

"ညွှန်း။"

လျင်မြန်စွာပြေးသွားလိုက်သော်လည်း ဦးဥက္ကာယံမှ လက်ဦးသွားကာ ညွှန်း ရဲ့ ပျော့ခွေနေသော ကိုယ်လေးမှာ သူ့လက်‌တွင်းသို့ ဆင်းသက်သွားသည်။

"မင်း။ ညွှန်း ကို မထိနဲ့။"

ဦးလွိုင် က ညွှန်း အား ဦးဥက္ကာယံ လက်တွင်းဆီမှ ပွေ့ချီကာ ယူလိုက်သည်။ ခြံရှေ့ ရုတ်ရုတ်သဲသဲ အသံတွေကြောင့် ဦးဘွဲ့လင်း နဲ့ ဒေါ်မှူးစန္ဒာ တို့ ပြေးထွက်လာကြသည်။ သတိလစ်နေသော ညွှန်း အား အလယ်တွင်ထားကာ မျက်လုံးတိုက်ပွဲ ဖြစ်နေကြသည့် အမျိုးသားနှစ်ယောက်ကြားဝင်ကာ ညွှန်း အား ဆွဲယူလိုက်သည်။

"မိန်းမ...‌ဆရာဝန်ကို ဖုန်းဆက်လိုက်။"

ဒေါ်မှူးစန္ဒာ က အိမ်ထဲ အမြန်ပြေးသွားကာ ဧည့်ခန်းထဲရှိ အိမ်ဖုန်းအား အလျင်အမြန်ဖြင့် နံပါတ်တစ်ခုဆီသို့ ခေါ်လိုက်သည်။ ဦးဘွဲ့လင်း သည်လည်း ညွှန်း အား ကျောပေါ်တွင် တင်ကာ အိမ်ထဲဝင်သွားသည်။

ဦးလွိုင် လည်း နောက်မှ လိုက်ကာ ဦးဘွဲ့လင်း‌ ကျောပေါ်မှ ညွှန်း အား ပွေ့ချီယူလိုက်သည်။ ဦးလွိုင် မှာ ဦးဥက္ကာယံ မဝင်နိုင်စေရန် ခြံရှေ့တံခါး ပိတ်ဖို့လည်း မမေ့ခဲ့ပေ။

The Past (A Tate 'အတိတ္')Where stories live. Discover now