[ ဒါကို....စိတ်သဘောထား.... မွန်မြတ်တာလို့ခေါ်တယ်....host ရဲ့.....မသိပဲနဲ့.....ကဲပါ....host ပေါက်တတ်ကရတွေပြောနေမဲ့အစား....မြန်မြန်စစ်ကြည့်လား.... ]

Host-" ဘာကိုစိတ်သဘောထားမွန်မြတ်တာတုန်း.....သိသိသာသာရော....မသိမသာရော....နွားဖြစ်တာလေ "

ကျန်ဟောက်တိုးတိုးလေး မကျေနပ်သည့်လေသံဖြင့်ပြောလိုက်သည်။

ကျန်ဟောက် six ရဲ့စိတ်မရှည်တဲ့အသံကြောင့် မှတ်ညဏ်သာစစ်နေလိုက်တော့သည်။ မိစ္စာသွေးနဲ့ နတ်သွေးရောနေတဲ့သူက မိစ္စာမဟုတ်သလို နတ်တစ်ပါးလည်းမဟုတ်ပေ။ ထိုလိုသူတွေကို နတ်မိစ္စာလို့ ခေါ်ကြသည်။ နတ်မိစ္စာတွေကို နတ်တွေကကော မိစ္စာတွေကပါ ရွံ့စရာသတ္တဝါတစ်ကောင်လို ဆက်ဆံကြသည်။ မိစ္စာတွေနဲ့ နတ်တွေက ရန်သူတွေဖြစ်တာကြောင့် သူတို့ရဲ့ရန်သူသွေးကိုပိုင်ဆိုင်ထားတဲ့ နတ်မိစ္စာတွေ
ကိုလက်မခံချင်ကြပေ။ နောက်တစ်ခုက နတ်မိစ္စာတွေက စွမ်းအားအရမ်းကြီးပြီး ဖျတ်စီးနိုင်စွမ်းလည်းကြီးလှသည်။ ဒီစွမ်းအားကိုကြောက်တဲ့နတ်တွေကလည်း နတ်မိစ္စာတွေကိုကန့်ကွတ်ခဲ့ကြသည်။ ချွင်းချက်တစ်ခုက ကိုယ်ပိုင်ရှင်ရဲ့အဖေဟာ ကိုယ်ပိုင်ရှင်ကို နတ်မိစ္စာမှန်းသိနေတာတောင် အပြုံးမပျက် လက်ခံပြီး ဂရုစိုက်ပေးခဲ့သည်။ ဒါကြောင့်ကိုယ်ပိုင်ရှင်ဟာ သူ့ရဲ့မွေးစားအဖေ လနတ်သခင်ကြီးကို အလွန်တွယ်တာပြီး ချစ်ခင်သည်။မိစ္စာတွေလာတိုက်တဲ့ နေ့ကကိုယ်ပိုင်ရှင်ရဲ့ စွမ်းအားတွေဖောက်လွှဲဖောက်ပြန်ဖြစ်ခဲ့တဲ့နေ့ပင်။ ကိုယ်ပိုင်ရှင်ဟာ ငယ်ငယ်ထဲက နာကျင်မှုမျိုးစုံကိုခံစားခဲ့ရပြီး စွမ်းအားဖောက်ပြန်မှုကိုထိန်းချုပ်နိုင်ရန် လနတ်သခင်ကြီးထံမှ သင်ကြားခဲ့ရသည်။ ထိုနေ့က သူစွမ်းအားဖောက်ပြန်၍ လနတ်နန်ဆောင်မှာ စွမ်းအားတည်ငြိမ်ရန်လေ့ကျင့်နေတုန်း မိစ္စာတစ်ချို့ရောက်လာကြသည်။ မိစ္စာတွေဟာ ကိုယ်ပိုင်ရှင်ကို အမျိုးမျိုးရန်စခဲ့သည်။ ကိုယ်ပိုင်ရှင်ဟာ သူ့ရဲ့စွမ်းအားတွေကိုမထိန်းချုပ်နိုင်တော့ပဲ မိစ္စာတွေပါမက နတ်တွေကိုပါ တိုက်ခိုက်ခဲသည်။ သူ့ရဲ့ရုပ်ကိုဘယ်သူမှမသိတာကြောင့် နတ်တွေက သူ့ကိုမိစ္စာလို့ပဲသတ်မှတ်ပြီးတိုက်ခိုက်ခဲ့သည်။ နတ်ခေါင်းဆောင်ဆီက ဓားချက်က ကိုယ်ပိုင်ရှင်ကို ထိုးဖောက်တော့မဲ့အချိန်မှာ သူ့ရဲ့မွေးစားအဖေဟာ အစားခံခဲ့ပြီး သူ့ကိုကျစ်ကျစ်ပါအောင် ပွေ့ဖတ်ထားရင်း ' ကျင်းအာ.... ဘာမှမဖြစ်.....တော့ပါ....ဘူး......အဖေရှိတယ် ' လို့ပြောရင်း ကိုယ်ပိုင်ရှင်ရဲ့ လက်ထဲမှာပင် အငွေ့အဖြစ်ပြောက်ကွယ်သွားခဲ့သည်။ ကိုယ်ပိုင်ရှင် သတိမရှိသေးချိန်မှာ သူကိုနတ်ခေါင်းဆောင်က ဓားနှင့်ထိုးနှင့်နေပြီ။

[ကိုယ်ပိုင်ရှင်ရဲ့ ဆုတောင်းက - သူ့ရဲ့အဖေကို ကယ်ပေးချင်တယ်တဲ့ ၊ နောက်ဆုတောင်းတစ်ခုက သူရဲ့အဖေအရင်းကို တစ်ခါလောက်တွေ့ဖူးချင်တယ်၊ နောက်ဆုံးတစ်ခုကမိတ်ဆွေလိုချင်တယ်]

Host-" မိတ်ဆွေ.....ဖြစ်နိုင်ပါတယ်..... သူကအရမ်းအထီးကျန်ဆန်ခဲ့လို့နေမယ်....သနားလိုက်တာ....ကျွတ်.....ကျွတ် "

[ ချီးကိုသနား....ရုပ်ကိုက....ဖွန်ကြောင်ရုပ်နဲ့ ]

" ..... "

ကျန်ဟောက်ခမျာ ဘလိုင်းကြီးအပြောခံလိုက်ရသဖြင့် ကြောင်သွားရသည်။

......
......

Six:ရင်မှာခံစား.....သူမမြင်နိုင်ပေ....ငါ့ရဲ့အသည်းထဲက....အတွင်းကြေ!!!!

Host:အီးးးး...six ရာငြိမ်ငြိမ်နေစမ်းပါ....ငါ့နားတော့....ကန်းပါပြီ

Six:ရင်မှာခံစား.....သူမမြင်နိုင်ပေ.....ငါရဲ့အသည်း
ထဲက....ဟားးးးးး......အားးးးးးးးးး.....အတွင်းကြေ....
( စောက်ဂရုမစိုက်စွာဖင်ပိတ်အော်နေသော...six )

Host:တိတ်စမ်း!!!
( နားကို )လက်နှစ်ဖက်နဲ့အုပ်ရင်းပြောနေသူ

writer: six....နင့်မှာရင်သားရှိလို့လားလို့လား....ငါတော့မမြင်မိဘူး...ပြားချပ်နေတာပဲ
( ဂိမ်းဆော့ရင်းပြောနေသူ )

Six:အီးးးး....ဟီးးးး..ရွှတ်.....writer က.... sixကို...နို့ပြားမလို့ပြောနေတယ်...ဟင့်.....host
(ကျန်ဟောက်ကိုငိုပြီး ပြောနေသူ )

Host:နို့ကပြားလို့....ပြားတယ်ပြောတာပေါ့...sixရဲ့....မှန်တာပြောရင်စိတ်မဆိုးရဘူးတဲ့

Six:အီးးးးးးးး.....အူးဝါးးးးးးး

system one o six(106) S -1 ( Z &U )Where stories live. Discover now