Arc-5.11 Unicode

1.3K 156 7
                                    

အန်းထိုက်ဖုန်း-" အ...ကိုကို....အဟင့်....နာတယ်လို့ "

ထိုက်ဖုန်း ရုတ်တရက်တင်းကြပ်လာသော ကိုကိုလက်တွေကြောင့် သူ့ရဲ့သေးသေးကွေးကွေးခန္ဓာကိုယ်ဟာ ကိုကိုရဲ့တင်းကြပ်လာမှုကိုမခံနိုင်ပေ။ ဒါပေမယ့် အရမ်းကြီးနာတာမဟုတ်ပေမယ့် ကိုကိုရဲ့ ဂရုစိုက်မှုကို လိုချင်တာကြောင့် ပိုပိုသာသာလေးပြောလိုက်သည်။

ချင်ဖန်ရှိ-" ဖုန်းအာ....တော်တော်နာသွားတာလား....ကိုကိုတောင်းပန်ပါတယ်...ဘယ်နားလည်းပြပါဦး... "

ဖန်ရှိ ဖုန်းအာရဲ့ခန္ဓာကိုယ်ကို စစ်ကြည့်လိုက်သည်။

အန်းထိုက်ဖုန်း-" အ....ကိုကို...ဘယ်နေရာကို.....လာထိနေတာလဲ.....မုန်းချင်စရာကြီး....အဟင့်.... "

ထိုက်ဖုန်း သူ့ရဲ့ခါးကိုလာထိနေသော ကိုကိုလက်တွေကြောင့် နှုတ်ခမ်းဆူကာ ပြောလိုက်သည်။

ချင်ဖန်ရှိ-" ဘယ်နေရာကို...ထိတယ်ထင်လို့လဲ...မင်းလေး....နှုတ်ခမ်းလေးတွေ....စုတ်ပြတ်ဖို့ပြင်ထား....အဟား... "

ဖန်ရှိ ဖုန်းအာရဲ့ နှုတ်ခမ်းကို လက်မနဲ့ ပွတ်ကာပြောလိုက်သည်။ ခုချိန်ထိ ဖန်ရှိ ဖုန်းအာကို နမ်းရုံပဲ နမ်းတာပါ။ ကျန်တဲ့အဆင့်တွေက ဖုန်းအာကို လက်ထပ်ပြီးရင် လာမှာပေါ့။ သူလေးကို ပိုင်ဆိုင်နိုင်ဖို့ မစောင့်နိုင်တော့ဘူး ။ ဖေဖေတို့က အချိန်ဆွဲနေတာကြောင့် လက်မထပ်ရသေးတာပင်။ သူ့အလိုဆို ခုချက်ချင်း လက်ထပ်ပစ်လိုက်မည်။ သေချာပေါက် သူ့လက်ထပ်မယ့်သူဟာ စိတ်သဘောထားပြည့်ဝပြီး သူ့အပေါ်နားလည်နိုင်ဆုံးသးဖြစ်ရမည်။

အန်းထိုက်ဖုန်း-" ကိုကို!!!. ...သူများတွေရှိတယ်လေလို့ "

ချင်ဖန်ရှိ-" ရှိရှိကွာ... "

host-" အဟမ်း....အဲ့လောက်တောင်လုပ်ချင်နေရင်....တစ်နေရာရာသွားလုပ်....ကျွန်နော်တို့က....ခင်ဗျားလို....အရှက်မရှိတဲ့သူတွေမဟုတ်ဘူး.... "

ရှင်းဟန် ခေါင်းငုံကာ မျက်ရည်များ ကျနေသော ဝမ်ရှီးကြောင့် ဇာတ်လိုက်တို့ကို အပြင်ထွက်ရန်ပြောလိုက်သည်။

အန်းထိုက်ဖုန်း-" ကိုကိုကလည်း....ဒီမှတော့မလုပ်နဲ့လေနော်....ဆရာလည်းရှိနေတာကြီကို...... "

system one o six(106) S -1 ( Z &U )Where stories live. Discover now