system space

2.9K 246 5
                                    


[ host ....system space မှ..ပြန်လည်ကြိုဆိုပါတယ်....six...... point တွေတွက်ပေးပါတော့မယ် ]

နဂိုရှိသော point - 5000
Main mission - 3000
Side mission 2ခု - 500
ဆေးဖိုး- (-100)
ပညာသင်စရိတ်-(- 2000)
စုစုပေါင်း point-6400

[ host.... six. ..ပြောတာကြားရဲ့လား ]

Six တစ်ချိန်လုံး စကားမပြောပဲ ငြိမ်နေတဲ့ သူ့ host ကြောင့် သတိပေးလိုက်သည်။ six သိပါသည် ၊ host ကဝမ်းနည်းနေမယ်ဆိုတာ ၊ ဒါကြောင့်လည်း ဖြေးဖြေးသာသာသာ ပြောယူလိုက်သည်။

" အင်း...ကြားတယ်....ဆက်ပြော "

[ bouns- ဝိညာဥ်စုဆွဲကြိုး ]

" ဝိညာဥ်စုဆွဲကြိုး....အဲ့တာကဘယ်လိုသုံးရတာလဲ "

[ host... ဘာမှလုပ်စရာမလိုပါဘူး....အဲ့တာကိုဆွဲထားရုံပါ.. ]

" ငါ...အရင်ကမ္ဘာက...သွဲ့ဟန်​သေသွားပြီး...ဘာဆက်ဖြစ်တယ်ဆိုတာ....သိလို့ရမလား "

[ ရပါတယ် host. ...ဒါပေမယ့်..... point တော့ပေးရပါမယ် ]

" ဘာ!!!!. ..မင်းတို့ဟာက....system လား....ဓါးပြတွေလားတောင်မကွဲတော့ဘူးနော်...ကဲပြောဘယ်လောက်​တောင်ပေးရမှာလဲ "

[  ဘယ်အရာမှအလကားမရပါဘူး host.....အယူရှိရင်....အပေးလည်းရှိရမယ်.... ဆိုတဲ့စကားပုံအတိုင်း....သိပ်မများပါဘူး host ရယ်....point လေး 200 လောက်ပါပဲ....ဟီး....ဟိိီး... ]

" ရော့...မျိုစို့....သိလား....မသဒါရေစာတွေ...ဂျပိုးနင်ပြီးသေပါစေ...အထက်ပုဂ္ဂိုလ်တွေလဲ....f**ck ပဲ....system လဲ....f**ck ပဲ "

ကျန်ဟောက် လိုချင်တာရတော့ ပြုံးဖြီးနေတဲ့ six ရဲ့မျက်ခွက်ကို သေးနဲ့ကော့ပန်းချင်စိတ်တောင်ပေါက်လာရသည်။

[ အဟွန်း....အဟွန်း....( ချောင်းဟန့်သံ ) ....ဒါဆိုရင်...host ရဲ့.....ကျန်ရှိ....point က...6200ပါ....ဖြစ်ပျက်တာတွေကြည့်ဖို့....six.... နောက်ကို.... လိုက်ခဲ့ပါ....host ]

" ကြွ...ကြွ "

ကျန်ဟောက် အရှေ့ကနေ ကော့တော့ကော့တော့နဲ့ အတောင်ပံပါရဲ့သားနဲ့ လမ်းလျှောက်သွားနေသော ဂျပုမကို သူ့ခြေထောက်နဲ့ ဖိသတ်ပစ်ချင်စိတ်တွေပေါက်လာရပြန်သည်။ six ဆိုသည်မှာ အမြင်လည်းကတ်ချင်စရာ မရှိတဲ့ရင်ကိုကော့ထားပြီး မရှိတဲ့တင်ကို ကောက်ကာ လမ်းလျှောက်နေခြင်းပင် ။ သေချာကြည့်မှသာသိနိုင်သည် အမှတ်တမှည့် ကြည့်ရင် ဝါးခြမ်းပါးကြီး လမ်းလျှောက်နေသည့်အတိုင်းပင်။ ( sixက...နို့ပြား....ဖင်ပြားမပဲ..😂😂😂 )

system one o six(106) S -1 ( Z &U )Where stories live. Discover now