" မင်း စာတွေရော ပိုင်ပြီလား ငစေ ပထမနှစ်ဝက်က ‌မလိုတော့ဘူးနော် "

" အေးဆေး"

"အေးဆေးဆိုလည်း ပြီးတာပါပဲ   မင်း ကြည့်လုပ်နော်
စာသွားပေးလို့ စာကိုအုပ်ကြီး ရုံးခန်းသွားတိုင်နေမှ "

" လုပ်မယ် ထင်နေလား မင်းစောင့်ကြည့်လိုက်"

" ပိုင်တယ်ပေါ့"

"ဒါပေါ့ မင်းတို့မှ မသိပဲ  Assembly ကွင်းထဲရောက်တိုင်း
ငါတို့အတန်းနဲ့ ၉တန်းမိန်းကလေးအတန်းက ကပ်ရပ်ပဲလေ သိတယ်မလား  နောက်ဆုံးကငါ့ကို လှည့်လှည့်ကြည့်တဲ့ သူ့ မျက်လုံးတွေကို မင်းတို့မှ မမြင်တာ "

" မင်းကို သူ သဘောကျနေတယ်လို့ ဆိုလိုချင်တာလား "

"အဲ့အဖြေက ဒီစာပေးပြီး တုံ့ပြန်မယ့် ရလာဒ်အပေါ် မူတည်တယ်"

" မင်းပြောတော့ ကိုယ်တိုင်  သွားပြောမှာဆို အခုမှ ဘာလို့ စာပေးမယ် ဖြစ်သွားတာလဲ "

" မသိဘူး စာပဲပေးချင်လာလို့"

"ဒါနဲ့ ဟိုနှစ်ကောင် ကျောင်းမလာသေးပါလား"

" မင်းပထွေး ငါ လာပြီ သားကြီးရဲ့  အနောက်လှည့်ကြည့်အုန်း"

"အသံမှ မပေးပဲ မအေဘေးလေးတွေရဲ့  ဘယ်လိုလည်း စာတွေပိုင်ပြီလား "

"ငါတို့က ဘယ်သူတွေ မို့လို့လဲ အေးဆေး "

"ပြီးတာပဲ ငစေ အဲ့စာ ဘယ်အချိန် သွားပေးမှာလည်း "

" မုန့်စားဆင်းချိန် သွားပေးမယ် "

********
မုန့်စားဆင်းချိန်ကျောင်းဆင်းခေါင်းလောင်းထိုးသံ🔔🔔🔔

  "မင်္ဂလာပါ ဆရာမ ကျေးဇူးတင်ပါတယ်ဆရာမ~~~~~~"

" ထွန်းလမင်းသာ "

လမင်း စာအုပ်သိမ်းနေစဉ် ဘေးနားရပ်ကာ ခေါ်လာသော အသံကြောင့် မော့ကြည့်လိုက်ရာ  ရှေ့လကမှ ကျောင်းပြောင်းလာတဲ့ 'ရွှန်းသီရိနွယ်' ။ လက်ထဲ၌ စာအုပ်တစ်အုပ်ကိုင်ကာ လမင်းအား ပါးချိုင့်လေးပေါ်အောင် ပြုံးပြနေတာမို့ ပြန်၍ပြုံးပြကာ စကားဆိုလိုက်၏။

" ဪ ရွှန်းသီရိနွယ်  ဘာပြောမလို့လဲ"

"  ရွှန်း သင်္ချာ Chapter -3က Ex-(3. 2)ပုဒ်စာတွေ သိပ်မမှီလိုက်လို့ အဲ့တာ ရှင်းပြပေးလို့ရလား"

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now