" အဟမ်း  မနက်စာ အရင်စား ခန့်စေ  လေးလေး ပြောစရာရှိ...."

"မဆာသေးဘူးဗျာ ဘာပြောမှာလဲ မြန်မြန်ပြောဗျာ"

ပြောတာကိုပင် ဆုံးအောင်နားမထောင်ပဲ ဖြတ်ပြောလာတာမို့
ဖြတ်ပြောလာတဲ့ ပါးစပ်ပိုင်ရှင်ကို ဖြတ်ရိုက်ချင်ပေမယ့်
တစ်ဦးတည်းသော သည်းသည်းလှုပ် တူလေးဖြစ်နေတာကြောင့်
ကော်ဖီခွက် ကောက်ကိုင်ကာ တစ်ငုံသောက်ရင်း ဖြတ်ရိုက်ချင်တဲ့စိတ်ကို ကော်ဖီနဲ့မျှောချလိုက်၏။

ကိုယ့်စီးပွားရေးနဲ့ ကိုယ်ရှာစားနေရလို့သာပဲ တော်တော့တယ်။
ဒင်းတို့သားအဖကိုပဲ ကြောက်နေရတယ်။

"လေးလေး ပြောနေရင် ဖြတ်မပြောနဲ့ ခန့်စေ ယဉ်ကျေးမှုရှိစမ်း
   ပြောနေရင်လည်း သေချာနားထောင်"

"......."

မှုန်ကုတ်ကာ ပြော ဆိုသည့် မျက်နှာပေးနှင့်ကြည့်နေသော
တူ ကြောင့်

"   အတန်းက တဖြည်းဖြည်းကြီးလာပြီ ငါ့တူ
အရင်လို ပြဿနာရှာတာတွေ မရှိတော့တာကိုတော့ ကျေးဇူးတင်တယ် ဒါပေမယ့် စာလုပ်ချိန်တွေ သိပ်မရှိပဲ
အမြဲတမ်း အလေလိုက်နေတာမျိုးကိုတော့ သဘောမကျဘူး။
လေးလေးကလဲ ဆိုင်တစ်ဖက်နဲ့ ငါ့တူ သိတဲ့အတိုင်းပဲ ငါ့တူအပေါ် တာဝန်လစ်ဟင်းတာမျိုး မဖြစ်ချင်ဘူး ဒီနှစ်က အစိုးရစစ်ဖြေရမယ့် အတန်းမို့ ကျူရှင်တော့ယူစေချင်တယ် ဒါမှလည်း စာလုပ်ချိန်လေး
ရှိလာမှာ "

"အခုလည်း စာရနေတာပဲဗျာ မတက်ချင်ဘူး"

"မတက်ချင်ရင် အဆင့်Aရအောင်ဖြေ နောက်နှစ်ကျရင် အကိုကြီး အပ်ပေးမယ့် private schoolမှာ တက်ရမယ် "

" ဟာ ကျွန်တော်မှ မတက်ချင်တာ ဒီကျောင်းမှာ တက်ပြီး အောင်လဲ အောင်တာပါပဲဗျာ"

" မင်းက ဒူးလောက်နဲ့ပဲ ကျေနပ်ပေမယ့်  ငါတို့က ရင်လောက်ရောက်မှ ကျေနပ်မယ့်သူတွေလေ "

"အခုလဲ စာရနေတာကို ဘယ်တွေလျှောက်ပို့မို့လဲ"

"မင်းအဖေ မိန်းမ ငါ့မရီးက မင်းကို တစ်ယောက်တည်းမွေးပေးသွားလို့   မင်းအဖေရော ငါရော
တစ်ချိန်ကျရင် လုပ်ငန်းတွေအတွက် အားကိုးစရာဆိုလို့  မင်းပဲ
ရှိမှာလေ အဲ့တော့ ဒီလောက်နဲ့ တင်းတိမ်နေလို့မရဘူး
မင်းက အမြင့်ရောက်နေရမယ်လေ "

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now