"မနက်ကဟယ်…လက်ဖက်ရည်ဆိုင်မီးလောင်တာ အကြီးအကျယ်ပဲတဲ့……"

"အေး…စားပွဲထိုးကောင်လေးတစ်ယောက်ဆုံးသွားတယ်ဆို……"

"အေးဟဲ့ ငါလည်းအဲ့ဒီ့လိုကြားတာပဲ……တစ်ဖက်ကသူဌေးကချက်ချင်းကိုလျော်ကြေးပေးပြီးဖြေရှင်းသွားတဲ့အေ…တကယ်ပါ ပိုက်ဆံရှိတဲ့သူတွေများကျတော့လည်းပြဿနာကိုဖြေရှင်းရတာလွယ်ကူနေတော့တာပဲ……"

"ဟုတ်ပါ့…ငွေနဲ့ပေါက်ပြီးအရာရာရှင်းနေတာလေ……"

ကျောင်းလာကြိုတဲ့မိဘတစ်ချို့ဆီကနေကြားလိုက်ရတဲ့စကားသံသဲ့သဲ့ကိုကြားလိုက်ရပေမယ့်လို့မှိုင်းညှို့ဂရုမစိုက်သလိုသာနေလိုက်သည်။
ခဏကြာတော့သားကမှိုင်းညှို့ဆီပြေးလာတာမို့

"မပြေးရဘူးလေသားရဲ့…မတော်လို့ချော်လဲသွားရင်ဘယ်လိုလုပ်မလဲ……"

"ဟီး……သားသားကဖေဖေ့ကိုလွမ်းလို့……"

"လာ ပြန်ကြမယ်……"

သားရဲ့ပါးဖောင်းဖောင်းလေးကိုဆွဲပြီးပြုံးပြရင်းပြောလိုက်တော့ခေါင်းလေးညိတ်ပြလာတဲ့သား။
ယစ် မင်းရဲ့သားကလေ…မင်းနဲ့သိပ်တူလွန်းတယ်။
တကယ့်ကိုအချွဲသားအဖ……။

_____________________________________________


မှိုင်းညှို့တို့သားအဖအိမ်ပြန်ရောက်တော့မြတ်သဝဏ်ကိုမတွေ့။ ခါတိုင်းဘယ်အချိန်ပြန်ရောက်လဲဆိုတာလည်းမှိုင်းညှို့မသိတာမို့ လျစ်လျူရှုကာသားကိုချွေးသုတ်ပေးပြီးရေတစ်ခွက်တိူက်ကာရေချိုးခန်းထဲလိုက်ပို့ပေးလိုက်သည်။ သားကငယ်သေးပေမယ့်ကိုယ့်ဘာသာကိုယ်ဝေယျာဝစ္စမှန်သမျှလုပ်ကိုင်နိုင်နေပြီပဲမလား။

"အမယ်လေး!……"

ရေသောက်ဖို့မီးဖိုးခန်းထဲဝင်လိုက်စဉ်ဒူးနှစ်ဖက်ကိုပိုက်ကာထိုင်နေတဲ့မြတ်သဝဏ်ကိုရုတ်တရက်တွေ့လိုက်ရတာကြောင့်လန့်ဖြန့်ကာထအော်မိခြင်း။
ဘယ်နှယ့်ဘယ်လိုလုပ်ပြီးဒီမှာလာထိုင်နေရတာတုန်း……။

"မင်း…ဘာဖြစ်လို့ဒီမှာလာထိုင်နေရတာလဲ……"

မော့ကြည့်လာတဲ့မျက်နှာပေါ်မှာမျက်ရည်တွေကိုလက်ခနဲမြင်လိုက်ရတာကြောင့်အနားအမြန်သွားကာဆောင့်ကြောင့်ထိုင်ချလိုက်တော့ချက်ချင်းဆိုသလိုရင်ခွင်ထဲတိုးဝင်လာတဲ့မြတ်သဝဏ်။

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now