"အမေ့ ဘာလို့တစ်ယောက်တည်း လုပ်နေတာလဲ သားကိုပါ ခေါ်တာမဟုတ်ဘူး"

" နေကောင်းတာလဲ မဟုတ်ပဲနဲ့ သာသာလေးရေ
အမေက  ဈေးဖိတ်နေ့ ပန်းတွေလာယူမယ် မှာထားလို့လေ
မိုးကျထားတော့ ပန်းတွေအရမ်းပွင့်သွားမှာလဲဆိုးလို့"

" သက်သာပါပြီဗျ  ဒီနေ့ ဈေးဖိတ်လား အမေ "

" အေ့လေကွယ် "

"ဪ ~~~ သားတို့ ပန်းလေးတွေ လှတယ်နော် "

"ဟုတ်ပါ့ .. အမေ့ ဖောက်သည်ကလည်း အမေ့ပန်းလေးတွေက လှလို့ အရောင်းသွက်တယ်တဲ့ သားရေ  "

" ဟီး ဟီး အဲ့တာ အမေလှလှလေးနဲ့ သားချောချောလေး စိုက်တဲ့ ပန်းမို့လို့ ထင်ပါတယ်"

" အ‌မလေး ဟုတ်မှာပါ ဟုတ်မှာပါ  အမေ့သား ချောချောလေးက ရေလောင်းပေးလို့ ပိုလှတာ "

''ဟဲ ဟဲ"

နေ့လည်ကနှင့် မတူကွဲပြားစွာ စကားတွေ ဖောဖောသီသီ လာပြောနေသော သားဖြစ်သူအား ဒေါ် သော်တာချို ပြုံး၍သာ ကြည့်နေမိ၏။ ခံစားချက်တွေကို တအားမြိုသိပ်လွန်းတဲ့ကလေးလေး။
အမေရှေ့မှာ ဘာမှမဖြစ်သလို ပြုံးပြနေတာမို့ စိတ်လည်းမကောင်း။
ဒီ သားလေး ပျော်ရွှင်နေရဖို့ ၊ အပြုံး‌လှလှလေးတွေ တောက်ပနေဖို့
သူမ ဘယ်ဟာကိုမဆို  စွန့်လွှတ်နိုင်ပါ၏။  အဓိကသည် ဒီ သားငယ်လေး ကြည်လင်စွာ ပြုံးပျော်နေရဖို့ပင်။


" ထွန်း လမင်း သာ ~~~~~ရေ့ "

လမင်းတို့သားအမိနှစ်ယောက် ပန်းများသေချာဆွတ်ယူနေချိန်
မီးဖိုချောင် ပြတင်းပေါက်မှခေါင်းပြူထွက်ကာ အသံကျယ်ကျယ်ဖြင့်သံရှည်ဆွဲကာ ခေါ်လာသော စိုင်းဟန်လျှမ်း ၏ အသံ။ အသံကြားပြီးမကြာလိုက်ပါ
ပုဆိုးကြီးတကားကားနှင့် မျက်မှန်တပင့်ပင့်နှင့် အနားရောက်ချလာ၏။

" ဟေ့ကောင် ထွန်းလမင်းသာ "

အရင်လို အိုက်သာ ၊ အိုက်လမင်းသာ လို့ပင် မခေါ်တော့ပဲ
ထွန်းလမင်းသာ လို့ နာမည်အပြည့်အစုံကို သူငယ်ချင်းဖြစ်သူမှ ခေါ်လာတာမို့ စိုးရိမ်ခဲ့ရသော စိတ်အစဉ်တို့နှင့် အတူ အမေ့အား
ပုလဲရောင်ခနေသော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်‌သည်။
အမေကတော့  ပါးချိုင့်လှလှလေးပေါ်အောင် အလှပဆုံးပြုံးပြနေ၏။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now