အခန်း(၅.၂)

Start from the beginning
                                    

မီးခိုးပြာရောင်ကောင်းကင်က တစ်ဖန်မိုးဖွဲဖွဲရွာလာပြန်သည်။တာ့ခ်ဇာ့ဂ်တစ်ယောက်က ကုဟိုင်ကို ပခုံးပေါ်မှာသယ်ရင်း သစ်တောလေးထဲကို ဝင်လာတယ်။ထီး၏ကျေးဇူးကြောင့် ကုဟိုင်ပတ်ဝန်းကျင်က တာ့ခ်ဇာ့ဂ်တွေက သူတို့ရဲ့ခန္ဓာကိုယ်ကို အသုံးပြုပြီး မိုးကိုဟန့်တားစရာမလိုတော့ဘူး။

ခြေနှစ်ချောင်းမြေပေါ်ရောက်တာနှင့် ကုဟိုင်က သူ့ထီးကိုကိုင်ပြီး လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက သူသွားလိုတဲ့နေရာကို သွားခဲ့သည်။

၎င်းက ကျောက်တုံးကြီးတစ်ခု၏ထောင့်စွန်းနားဖြစ်တယ်။သေးငယ်ပြီး သန့်ရှင်းတဲ့ပန်းပွင့်ဖြူဖြူလေးတစ်ပွင့်ဟာ ကျောက်တုံးနှင့်မြေပြင်အဟကြားတွင် ကြီးထွားနေတယ်။

ဒီအချိန်မှာ ယုလုစစ်သင်္ဘောက ဒီဂြိုဟ်က ကုန်းမြေပေါ်ကိုဆင်းသက်လာပြီဖြစ်တယ်။

ဒီစွန့်ပစ်ဂြိုဟ်၏ကုန်းမြေပေါ်မှာ တစ်ရာထက်ပိုတဲ့အဆင့်မြင့်ဇာ့ဂ်တွေက ဆင်းသက်လာပြီး သူတို့ရှေ့က မဖြစ်ထွန်းတဲ့မြင်ကွင်းကို ကြည့်ပြီးတိတ်ဆိတ်သွားသည်။

သူတို့ရဲ့ဘုရင်က ဒီဂြိုဟ်ပေါ်မှာမွေးဖွားလာတယ်.....

ပြင်းထန်တဲ့ညစ်ညမ်းမှုကြောင့် ကောင်းကင်သည် မီးခိုပြာရောင်ဖြစ်သွားတာဖြစ်တယ်။သဲတွေ ဖုံမှုန့်တွေနှင့် ဖုံးလွှမ်းနေပြီး စွန့်ပစ်အဆောက်အအုံတစ်ချို့က ပျက်စီးနေပြီး သူတို့မြင်သမျှက ပျက်စီးနေတာချည်းဘဲ...

ဒါက စွန့်ပစ်ဂြိုဟ်တွေအတွက် သာမန်မြင်ကွင်းတစ်ခုသာဖြစ်တယ်။

ကြယ်တာရာခေတ်အတွင်းမှာ ရှင်သန်နေထိုင်နိုင်တဲ့ဂြိုဟ်ပေါင်းများစွာရှိပြီး အရင်းအမြစ်သယံဇာတကြွယ်ဝသောကြယ်များသည် တစ်ခါသုံးပစ္စည်းအဖြစ်သတ်မှတ်ခံရမည်ဖြစ်တယ်။ဂြိုဟ်၏တန်ဖိုး လုံးဝကုန်ဆုံးသွားသည်အထိ နေထိုင်သူတွေက အကန့်အသတ်မရှိ အရင်းအမြစ် သယံဇာတတွေကို သုံးစွဲကြပြီးနောက် ဂြိုဟ်သ် စွန့်ပစ်ဂြိုဟ်တစ်ခုဖြစ်လာလိမ့်မည်။

စွန့်ပစ်ထားတဲ့ဂြိုဟ်ရဲ့ပတ်ဝန်းကျင်သည် အလွန်ဆိုးရွားသောကြောင့် အချို့မျိုးနွယ်စုက အကာအကွယ်အဝတ်အစားမဝတ်ဘဲ ထိုဂြိုဟ်ပေါ်မှာ နေထိုင်ဖို့နေနေသာသာ ခြေချရန်ပင်မဖြစ်နိုင်ချေ...

Zergဘုရင်လေးWhere stories live. Discover now